Main menu

ကန့်ဘလူမြို့နယ်၊ ပွဲရုံများ၌ မတ်လတွင် အရောင်းအဝယ်ဖြစ်နေသောသီးနှံများ

Powered by Drupal

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်စေရန်ဟူသော မျော်မှန်းချက်နှင့်အညီ အသင်းအဖွဲ့များ၊ အစုအဖွဲ့များဖွဲ့စည်းပေးပြီး ပိုမိုအားကောင်းလာစေရေး ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ပွဲရုံးများ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှုများကိုလည်း  တင်း/ တန်စာရင်းတို့ဖြင့် အပတ်စဉ်၊ လစဉ် တင်ပြလျက်ရှိပါသည်။

     ကန့်ဘလူပွဲရုံများအနေဖြင့် ဖေဖော်ဝါရီလကုန်ပိုင်းမှ မတ်လ လကုန်ပိုင်းအထိ ပွဲရုံသို့ ဝင်ရောက်အရောင်းအဝယ်ဖြစ်နေသော သီးနှံအဝင်/အထွက်တင်းများ၏ ဒေသပေါက်ဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှုအခြေအနေများမှာ ပဲစင်းငုံ(နီ)(၃၀၀၀)တင်းဈေးနှုန်းမှာ (၁၁၃၀၀၀)ကျပ်၊ ပဲစင်းငုံ (ဖြူ)(၆၇၅)တင်းဈေးနှုန်းမှာ (၁၀၃၀၀၀)ကျပ်၊ မတ်ပဲ(၂၅၂)တင်းဈေးနှုန်းမှာ(၈၃၀၀၀)ကျပ်၊ ကုလားပဲ v2 (၃၀၀)တင်းဈေးနှုန်းမှာ (၈၀၀၀၀)ကျပ်၊ v7 (၃၇.၅)တင်းဈေးနှုန်းမှာ (၈၂၀၀၀)ကျပ်၊  929 (၆၀၀)တင်းဈေးနှုန်းမှာ (၇၇၀၀၀)ကျပ်၊ ထိုင်ဝမ်(၁၀.၅)တင်းဈေးနှုန်းမှာ (၇၅၀၀၀)ကျပ်၊ ကြက်ဆူ(၁၂၀)တင်းဈေးနှုန်းမှာ (၃၆၀၀၀)ကျပ်၊ ပဲတီစိမ်း(၁၅)တင်းဈေးနှုန်းမှာ (၆၀၀၀၀)ကျပ်၊ ထောပတ်ပဲ(၁၄၂)တင်းဈေးနှုန်းမှာ (၁၁၀၀၀၀)ကျပ်၊ စွန်တာနီပဲ(၁၆.၅)တင်းဈေးနှုန်းမှာ (၄၈၀၀၀)ကျပ်၊ ပဲဇီးကွက်(၄၅)တင်းဈေးနှုန်းမှာ (၅၀၀၀၀)ကျပ်၊ ဘိလပ်စေ့(၃၇.၅)တင်းဈေးနှုန်းမှာ (၇၀၀၀၀)ကျပ်၊ ပဲကြီး(၂၂.၅)တင်းဈေးနှုန်းမှာ (၈၄၀၀၀)ကျပ်၊ နေကြာ (၁၂)တင်းဈေးနှုန်းမှာ (၃၇၀၀၀)ကျပ် စသည်ဖြင့် အသီးသီးပေါက်ဈေးရှိကြောင်းသိရသည်။

      ယခုရာသီကာလ၌မူ ပဲစင်းငုံ(နီ)နှင့် ကုလားပဲများအဝင်/ အထွက် အပေါများဆုံးအချိန်ဖြစ်ပြီး ကန့်ဘလူမြို့ပေါ် (၅)ရပ်ကွက်၊ စန္ဒယား၊ ကျောက်အိုင်၊ ကံသာလှနှင့် မူးအနောက်ဖက်ခြမ်း ကျေးရွာများမှ အဝင်အထွက်ရှိပြီး  မိမိတို့ပွဲရုံရှိ သီးနှံများကို မန်းလေးမြို့၊ ဇောတိကပွဲရုံတစ်ခုတည်းကိုသာ တင်ပို့ရောင်းချလျက်ရှိကြောင်း ကန့်ဘလူမြို့ပေါ်ရှိ  ပွဲရုံပိုင်ရှင်တစ်ဦးထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)