ရွှေဘိုခရိုင်အနေဖြင့် ၂၀၂၁-၂၀၂၂ခုနှစ်တွင် မိုးစပါး ၆၇၂၇၇၃ဧက စိုက်ပျိုးပြီး ရာသီကုန် ရိတ်ဧက ၆၇၀၁၃၃ဧကရှိရာ အထွက်နှုန်းအနေဖြင့် တစ်ဧကလျင် ၈၂.၂၃တင်းနှုန်း ထွက်ရှိသဖြင့် စုစုပေါင်း ၅၅၁၀၇၂၈၉တင်း ထွက်ရှိကြောင်း လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရှိရသည်။
ရွှေဘိုခရိုင်အတွင်း ၂၀၂၁-၂၀၂၂မိုးစပါး ပေါ်ချိန် ပေါက်ဈေးနှုန်းမှာ ရွှေဘိုပေါ်ဆန်း စပါး တင်း၁၀၀လျှင် ၁၂၀၀၀၀၀ကျပ်၊ ဧရာမင်းစပါး တင်း၁၀၀လျှင် ၉၀၀၀၀၀ကျပ်ရှိပြီး ယခု ဖေဖော်ဝါရီ ဒုတိယပတ်တွင် ရွှေဘိုပေါ်ဆန်း စပါး တင်း၁၀၀လျှင် ၁၂၅၀၀၀၀ကျပ်၊ ဧရာမင်းစပါး တင်း၁၀၀လျှင် ၉၀၀၀၀၀ကျပ် ဈေးနှုန်းပေါက်လျက်ရှိရာ ရွှေဘိုပေါ်ဆန်းစပါး တင်း၁၀၀လျှင် ကျပ် ၅၀၀၀၀ခန့် မြင့်တက်လျက်ရှိကြောင်း သိရသည်။
DOCA(စစ်ကိုင်း)