Main menu

ချောက်မြို့မစျေးတွင် ပုစွန်ခြောက်၊ ငါးခြောက်စျေးနှုန်းများမြင့်တက်လျက်ရှိ

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့မစျေးသို့ ပတ်ဝန်းကျင်ကျေးရွာများနှင့် ဆိပ်ဖြူ၊ စလင်း စသောကျေးရွာများမှ ပုစွန်ခြောက်၊ ငါးခြောက်များကို လာရောက်ရောင်းဝယ် လျက်ရှိကြပါသည်။

      ၂၀၂၄ခုနှစ်၊ မတ်လ(တတိယပတ်)တွင် ရောင်းချနေသော ရေထွက်ပစ္စည်းစျေးနှုန်းများမှာ ပုစွန်ခြောက်(ဘိတ်)(၁)ပိဿာလျှင် ကျပ်(၇၀၀၀၀-၇၅၀၀၀)၊ ငါးရံ့လုံး(၁)ပိဿာလျှင် ကျပ်(၄၅၀၀၀-၄၇၀၀၀)၊ ငါးအသားမျှင်(၁)ပိဿာလျှင် ကျပ်(၂၃၀၀၀)၊ ငါးပုတ်သင်လုံး(၁)ပိဿာလျှင် ကျပ်(၁၃၀၀၀-၁၅၀၀၀)၊ ငါးပုတ်သင်ပြား(၁)ပိဿာလျှင် ကျပ်(၁၇၀၀၀)၊ ငါးနီတူ(၁)ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ ငါးမဲလုံး(၁)ပိဿာလျှင် ကျပ်(၁၅၀၀၀)၊ ငါးတံခွန်(၁)ပိဿာလျှင် ကျပ်(၁၃၀၀၀)၊ ငါးပြေမ (၁) ပိဿာလျှင် ကျပ်(၁၆၀၀၀-၂၃၀၀၀)ထိ၊ ငါးကြင်းငါးပိကောင်(၁)ပိဿာလျှင် ကျပ်(၁၂၀၀၀) ဖြင့်ရောင်းချလျက်ရှိပြီး ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ယခုအပတ်တွင် ပုစွန်ခြောက် ကျပ်(၁၇၀၀)၊ ငါးရံ့လုံး ကျပ်(၂၀၀၀)၊ ငါးအသားမျှင် ကျပ်(၂၀၀၀)၊ ငါးပုတ်သင်လုံး ကျပ်(၁၅၀၀)၊ ငါးပုတ်သင်ပြား ကျပ်(၂၀၀၀)၊ ငါးနီတူ ကျပ်(၁၀၀၀)၊ ငါးမဲလုံး ကျပ်(၁၀၀၀)၊ ငါးတံခွန် ကျပ်(၁၀၀၀)၊ ငါးပြေမ ကျပ်(၁၀၀၀)၊ ငါးကြင်းငါးပိကောင် ကျပ်(၁၀၀၀)ခန့်စျေးနှုန်းမြင့်တက်နေပြီး အကောင်ဆိုဒ်ကြီး/ သေးပေါ်မူတည်၍ စျေးနှုန်းကွာခြားလျက်ရှိကြောင်း၊ သယ်ယူစရိတ်ကြီးမြင့်မှုကြောင့် ဈေးနှုန်းမြင့်တက်ခြင်းဖြစ်ကြောင်း စျေးသည်များထံမှသိရှိရပါသည်။

DOCA(မကွေး)