Main menu

ကြည့်မြင်တိုင်မြို့နယ် ဗားဂရာ ငှက်ပျောသီးအသင်းသို့ ငှက်ပျောသီးဝင်ရောက်မှုနှင့်ဈေးနှုန်းများ

Powered by Drupal

    ဗားဂရာငှက်ပျာသီးအသင်းမှ ၁၈.၃.၂၀၂၄ မှ ၂၅.၃.၂၀၂၄ ရက်နေ့ထိ ငှက်ပျောသီးဝင်ရောက်မှု စာရင်းနှင့် ဈေးနှုန်းများမှာ ယခုရက်ပိုင်းများမှာ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်များမှ သီးမွှေး၊ ရွှေငှက်ပျော၊ ဖီးကြမ်း၊ ရခိုင်ငှက်ပျောတို့ ဝင်ရောက်မှုများကြောင်း၊ ပဲခူးတိုင်း၊ တောင်ငူ၊ ရေတာရှည်တို့မှလည်း  သီးမွှေးငှက်ပျောဝင်ရောက်မှုရှိကြောင်း၊ မန္တလေးတိုင်း၊ ကျောက်ဆည် နယ်ဘက်မှ  ဖီးကြမ်းငှက်ပျောဝင်ရောက်မှုရှိကြောင်း၊ ရွှေဘို၊ ဘုတလင်မှလည်း ဖီးကြမ်းငှက်ပျော ဝင်ရောက်မှုရှိပါသည်။ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းတို့မှ သင်္ဘာ(၃) စီး၊ (၁၂) ဘီးကား ၅ စီး၊ Luck Truck (၁၀) စီးဝင်ရောက်ခဲ့ရာ  Luck Truck  တစ်စီးလျှင် ငှက်ပျော်အခိုင် ၁၃၀ ပါရှိပြီး ၁၂ ဘီးကား တစ်စီးလျှင် ငှက်ပျောအခိုင် ၅၅၀ ပါရှိကြောင်း သိရှိခဲ့ရပါသည်။ ငှက်ပျောဈေးနှုန်းများမှာ ရခိုင်တစ်ဖီးလျှင် ၄၀၀ မှ ၁၈၀၀ ကျပ်၊ သီးမွှေး တစ်ဖီးလျှင် ၇၀၀ ကျပ် မှ ၃၀၀၀ ကျပ်၊ ဖီးကြမ်းတစ်ဖီးလျှင် ၁၀၀၀ မှ ၃၃၀၀ ကျပ်၊ ရွှေငှက်ပျောသီး တစ်ဖီးလျှင် ၁၀၀၀ မှ ၄၅၀၀ ကျပ်ထိရှိကြောင်း ယခုရက်ပိုင်းများတွင် ငှက်ပျော ကားအဝင်များပြီး စစ်ကိုင်းတိုင်း၊ ရွှေဘိုနယ်တွင် လေပြင်းတိုက်ခိုက်ခဲ့သဖြင့် ငှက်ပျောစိုက်သူများအနေဖြင့် ငှက်ပျောပင်များအား ပိုမိုတိုး၍ ငှက်ပျောခုတ်ယူမှုများရှိကြောင်း ငှက်ပျောအသင်းမှ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(ရန်ကုန်)