Main menu

ပြည်ပပို့ကုန်မဟုတ်သော်လည်း ပြည်တွင်း၌ အရောင်းသွက်လျက်ရှိသည့်ကြက်ဥ

Powered by Drupal

       မန္တလေးမြို့တွင် ဥစားကြက်များကို ယခင်တချိန်ကလူများနေထိုင်သည့် ပတ်ဝန်းကျင်နှင့် ဝေးသည့်အရပ်တို့တွင်  မွေးမြူကြပါတယ်။ ယခုတွင်မူ ပြင်ဦးလွင်မြို့နယ် ၊ မိုးကြိုးကုန်းကျေးရွာတို့တွင်     ဥစားကြက်များကို စီးပွားဖြစ်မွေးမြူလျက်ရှိကြောင်း သိရှိရပါတယ်။ ပြင်ဦးလွင်မြို့ကလေးသည် အေးမြသည့်ရာသီဥတု ဖြစ်သည့်အတွက်ကြောင့် ကြက်များမွေးမြူရာတွင် အဆင်ပြေကြောင်း၊ ကြက်များသည် ‌ဆောင်းရာသီနှင့်အေးသည့်ဒေသတို့တွင် ဥထွက်နှုန်းကောင်းကြောင်း တွေ့ရှိရပါတယ်။ ယခုကဲ့သို့ ပူပြင်းသည့် တပေါင်း၊ တန်ခူး၊ကဆုန်လများတို့တွင် ပူပြင်းသည့် လနှင့် ကြက်စာများတွင် ပါဝင်သည့် ငါးခြောက်မှုန့်၊ ပုစွန်အခွံခြောက်မှုန့် အခြားတို့တွင် အငံဓါတ်ပါဝင်မှုရှိ၍ ရေသောက်များပြီး၊ဥနှုန်းများ ကျဆင်းကြောင်း၊ အေးသည့်ဒေသတွင် မွေးမြူကြသည့်ဥစားကြက်တို့၏ ဥနှုန်းများမှာလည်း ကွာခြားလျက်ရှိပါတယ်။ ကြက်ဥများကို အခြားလယ်ယာထွက်ကုန်များကဲသို့ ပြည်ပတင်ပို့မှုမရှိသော်လည်း တရုတ်နယ်စပ်မြို့ကလေးများထိ တင်ပို့ကြောင်း တွေ့ရှိရပါတယ်။ ကြက်ဥများကို မြန်မာလူမျိုးအများစုမှာ ချက်၊ပြုတ်၊ ကြော်စားရာတွင်သာမကဘဲ စားသောက်ကုန်လုပ်ငန်းများတွင် ဂျုံဖြင့်ပြုလုပ်သည့် မုန့်မျိုးစုံ လုပ်ငန်းများတွင်လည်း ကြက်ဥများထည့်၍ အသုံးပြုကြောင်း၊ ကြက်ဥပူတင်းအဖြစ် အအေးဆိုင်များတွင် ပြုလုပ်ရောင်းချကြောင်း တွေ့ရှိရပါသည်။ ကြက်ဥများကို မန္တလေးမြို့ အနီးတစ်ဝိုက်ရှိ မြို့များသို့တင်ပို့ရောင်းချကြပါတယ်။ ကြက်ဥဈေးမှာ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတို့တွင် ကြက်ဥ တစ်ပိဿာလျှင် ၅၂၀ဝိ/- ဖြင့် လည်းကောင်း၊ အလုံးကြီးလျှင် ၂၆၀ဝိ/-၊အလတ် ၂၃၀ဝိ/-၊အသေး ၂၂၀ဝိ/- တို့ဖြင့် ရောင်းချကြပြီး ယခုလို မတ်လအတွင်းတွင် တစ်ပိဿာ ၅၉၀ဝိ/-၊ ၁၀ လုံးလျှင် အကြီး၂၇၀ဝိ/-၊ အလတ် ၂၅၀ဝိ/-၊အသေး ၂၂၀ဝိ/- တို့ဖြင့်လည်းကောင်း ရောင်းချလျက်ရှိပါတယ်၊ ကြက်ဥများ ယခုလို ပူပြင်းသည့်လတွင် အထွက်နှုန်းကျပြီး ဈေးတက်လျက်ရှိကြောင်း တွေ့ရှိရပါတယ်။

DOCA(မန္တလေး)