Main menu

ဝင်ငွေတိုးပွား နွေစပါး

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် နွေစပါးများစတင်စိုက်ပျိုးလျက်ရှိပြီး တောင်သူများအနေဖြင့် စပါးများကိုပျိုးထောင်စိုက်ပျိုးခြင်းနှင့် အစေ့တိုက်ရိုက်ချစိုက်ပျိုးနည်းစနစ်များဖြင့် စိုက်ပျိုးဆောင်ရွက်လျက်ရှိပါသည်။

      ၂၀၂၄ခုနှစ်တွင် နွေစပါးဧက (၆၇၁၇)ဧကစိုက်ပျိုးလျက်ရှိပါသည်။ တောင်သူများအနေဖြင့် ထွက်နှုန်းကောင်းသည့် ဆာဖိုးသာစပါးမျိုး၊ ရတနာတိုးစပါးမျိုးနှင့် မနောသုခစပါးမျိုးများကို စိုက်ပျိုးလျက်ရှိကြောင်းသိရှိရပါသည်။

      တိုင်းဒေသကြီးအစိုးရအဖွဲ့သည် တောင်သူများစိုက်ပျိုးထားရှိသည့် နွေစပါးများအထွက်နှုန်းမြင့်မားရေးအတွက် နိုင်ငံ့စီးပွားရန်ပုံငွေဖြင့် ဓာတ်မြေဩဇာအမျိုးမျိုး၊ ပိုးသတ်ဆေးအမျိုးမျိုးနှင့် ပေါင်းသတ်ဆေးများကို သွင်းအားစုအနေဖြင့် နွေစပါးစိုက်ပျိုးထားရှိသည့် တောင်သူများအား စပါးပေါ် ငွေချေစနစ်ဖြင့် အတိုးပြန်ဆပ်သွင်းအားစုများထုတ်ပေးပြီး မြို့နယ်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီနှင့် အဖက်ဖက်မှတောင်သူများ အကျိုးရှိစွာအသုံးပြုနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မကွေး)