Main menu

ပြည်တွင်းထုတ်ကုန်ပစ္စည်းများ ဝိုင်းဝန်းကူညီဆောင်ရွက်မည်

Powered by Drupal

      ပြည်တွင်း၌ စားနပ်ရိက္ခာဖူလုံရုံသာမက အခြားလူသုံးကုန်ပစ္စည်းများနှင့် စက်မှုလုပ်ငန်းသုံး ပစ္စည်းပြတ်လပ်မှုမရှိစေရေးအတွက် နိုင်ငံတော်မှအလေးထားဆောင်ရွက် လျက်ရှိရာ တိုင်းဒေသကြီး နှင့်ပြည်နယ်များတွင် စားသောက်ကုန်ပစ္စည်းထုတ်လုပ်သည့်စက်ရုံ၊ လူသုံးကုန်ပစ္စည်းထုတ်လုပ်သည့်စက်ရုံနှင့် စက်မှုလုပ်ငန်းသုံးပစ္စည်းများထုတ်လုပ်သည့် စက်ရုံများတွင် ကုန်ကြမ်းပစ္စည်း ပြတ်လပ်မှုရှိ/မရှိတို့သိရှိရန်အတွက် စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် ၇.၃.၂၀၂၄ ရက်နေ့ နေ့လယ် (၁၃:၃၀)နာရီတွင် တိုင်းဒေသကြီးဦးစီးမှူး၊ ဗဟိုစာရင်းအင်းဦးစီးဌာနအပါအဝင် ဒေသတွင်း အကြီးစားထုတ်လုပ်ဖြန့်ဖြူးလျက်ရှိသည့် စားသောက်ကုန်ပစ္စည်းထုတ်လုပ်သည့် စက်ရုံ၊ လူသုံးကုန်ပစ္စည်းထုတ်လုပ်သည့်စက်ရုံ၊ စက်မှုလုပ်ငန်းသုံးပစ္စည်း ထုတ်လုပ်သည့်စက်ရုံများမှ လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ ဆွေးနွေးမှုတွင်-

  • တိုင်းဒေသကြီးဦးစီးမှူးမှ လက်ရှိနိုင်ငံတော်အစိုးရအနေဖြင့် ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံစေရေး၊ သွင်းကုန်အစားထိုးထုတ်လုပ်နိုင်စေရေး၊ ပို့ကုန်အမယ်သစ်များ ပေါ်ထွန်းလာစေရေးတို့ကို အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ လုပ်ငန်းရှင် များအနေနှင့် ဒေသတွင်းအကြီးစားနှင့်အလတ် စားထုတ်လုပ်ဖြန့်ဖြူးလျက်ရှိသည့် လုပ်ငန်းများ ဖြစ်သည့်အတွက် မိမိတို့၏အခက်အခဲများကိုလည်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြပါရန် ဌာနအနေဖြင့် စက်မှုလုပ်ငန်းများသို့ ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်၍ စက်ရုံများ ရပ်တန့်မှု မရှိစေရေးအတွက် အခက်အခဲများ အားသက်ဆိုင်ရာ ဌာနများနှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ခြင်း၊ လိုအပ်ပါက တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် အထက်ဌာနများသို့ တင်ပြဆောင်ရွက်ပေးမည်ဖြစ်ပါသည်။
  • တွေ့ဆုံဆွေးနွေးပွဲတွင် စားသောက်ကုန်လုပ်ငန်းထုတ်လုပ်သည့် လုပ်ငန်းရှင်များမှ စားသောက်ကုန်လုပ်ငန်းအနေဖြင့် အဓိကသုံးစွဲရသည့် ကုန်ကြမ်းများမှာ ဂျုံ၊စားသုံးဆီ၊ သကြားတို့ဖြစ်ပြီး ကုန်ကြမ်းပြတ်လပ်မှုမရှိပါ။ ဂျုံကို ရန်ကုန်တိုင်းဒေသကြီးမှ ဝယ်ယူ အသုံးပြုကြောင်း၊ လုပ်ငန်းရှင်များအနေနှင့် လုပ်ငန်းလည်ပတ်ရန်အတွက် စားသုံးဆီ လိုအပ်ချက်ရှိကြောင်း၊ ဘီစကစ်လုပ်ငန်းအနေဖြင့် မုန့်ထုတ်လုပ်ရာတွင် အသုံးပြုသော အမိုနီယမ်ဗိုက်ကာဗွန်နိတ် (Ammonium Bicarbonate)မုန့်ပွဆေး ဝယ်ယူရာတွင်အခက် အခဲများရှိပြီး ယခင်က အဆိုပါမုန့်ပွဆေးဝယ်မရသဖြင့် စက်ရုံရပ်နားထားရပါတယ်။
  • စားသောက်ကုန်လုပ်ငန်းတွင် အဓိကအသုံးပြုသည့် ပြည်တွင်းဂျုံမှုန့်နှင့် ပြောင်းဖူးမှုန့်ကို ပစ္စည်းပြတ်လပ်မှုမရှိသော်လည်း ပြည်ပဂျုံအနေနှင့် ပစ္စည်းပြတ်လပ်မှု ရှိပါသည်။ ဂျုံစက်လုပ်ငန်းအနေနှင့် ပြည်တွင်းပြည်ပမှ ဂျုံများကိုကြိတ်ခွဲ ထုတ်လုပ် ရာတွင် နိုင်ငံခြား ကုန်ကြမ်းဝင်ရောက်မှုနည်းသည့်အတွက် ယခင်ကလို သိုလှောင်ထားနိုင်မှုမရှိသော်လည်း တပါတ်စာလောက်သာ သိုလှောင်ထားရှိ ကြိတ်ခွဲ ထုတ်လုပ်နိုင်ပါသည်။
  • လူသုံးကုန်ပစ္စည်းထုတ်လုပ်သည့် စက်ရုံများအနေဖြင့် စက်သုံးဆီလိုအပ်ချက်၊ Serenade Chemical(ဆီရိုနိတ်)နှင့် Sodium Silicate ဆိုဒီယမ်ဆီလီကိတ် အမွှေးဆီ၊ Recycled Rain Boots လုပ်ငန်းအနေနှင့် Bootsနှင့် ပိုက်များ ထုတ်လုပ်ရာတွင် စက်အပူချိန်ထိန်းညှိ ရန်နှင့် Dop-PVC ပလပ်စတစ်ပျော့ဆေးများ လိုအပ်မှုရှိပြီး၊ ပလပ်စတစ်ပျော့ဆေးကို ယခင်က ရန်ကုန်မြို့ရှိ First Myanmarမှ ဝယ်ယူရရှိသော်လည်း လက်ရှိအချိန်တွင် ဝယ်ယူရန်ခက်ခဲလျက်ရှိပါသည်။ အဆိုပါ ကုန်ကြမ်းလိုအပ်ချက်ကြောင့် လုပ်ငန်းအနေဖြင့် ပြည်တွင်းဝယ်လိုအား ဈေးကွက် ရှိသော်လည်း လုပ်ငန်းရပ်နားထားရပါသည်။

      မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေနှင့် စားသောက်ကုန်ပစ္စည်း ထုတ်လုပ်သည့်စက်ရုံ၊ လူသုံးကုန်ပစ္စည်းထုတ်လုပ်သည့် စက်ရုံနှင့် စက်မှုလုပ်ငန်းသုံး ထုတ်လုပ်သည့် စက်ရုံများတင်ပြဆွေးနွေးမှုများကို အခြေခံ၍ စက်ရုံများလည်ပတ်ရန် အဓိက လိုအပ်ချက်စက်သုံးဆီ ဖြစ်သည့်အတွက် သက်ဆိုင်ရာဌာနဖြစ်သည့် ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနနှင့် ညှိနှိုင်း၍ စက်မှုကုန်ကြမ်းသုံးစက်သုံးဆီ Own P.O ရောင်းချပေးသည့် စက်သုံးဆီအရောင်းဆိုင်များ နှင့် ချိတ်ဆက်ဝယ်ယူနိုင်ရေးအတွက် ကူညီ ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။

     အခြားလိုအပ်ချက်များဖြစ်သည့် မုန့်ပွဆေး၊ အမိုနီယမ်ဗိုက်ကာဗွန်နိတ်၊ ပြည်ပဂျုံ ကုန်ကြမ်း လိုအပ်ချက်၊ ဆိုဒီယမ်ဆီလီကိတ်အမွှေးဆီ၊ Dop PVC ပလပ်စတစ်ပျော့ဆေး စသည့်လိုအပ်သည့် စက်ရုံများကို ကွင်းဆင်းစစ်ဆေး၍ လိုအပ်ချက်များကို တင်ပြဆောင်ရွက် ပေးမည်ဖြစ်ပါသည်။

      စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စားသောက်ကုန်ပစ္စည်း ထုတ်လုပ်သည့်စက်ရုံ၊ လူသုံးကုန်ပစ္စည်းထုတ်လုပ်သည့်စက်ရုံနှင့် စက်မှုလုပ်ငန်းသုံးပစ္စည်း ထုတ်လုပ်သည့်စက်ရုံများနှင့်ကုန်ကြမ်းပစ္စည်းပြတ်လပ်မှုရှိ/မရှိနှင့် ပြည်တွင်း၌စားနပ်ရိက္ခာ ဖူလုံရုံသာမက အခြားလူသုံးကုန်ပစ္စည်းများနှင့် စက်မှုလုပ်ငန်းသုံးပစ္စည်းပြတ်လပ်မှုမရှိစေရေးအတွက် နိုင်ငံတော်မှ အလေးထားဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။

DOCA(မန္တလေး)