Main menu

“ မိတ္ထီလာကုန်စည်ဒိုင် သီးနှံစျေးနှုန်းအခြေအနေ”

Powered by Drupal

     မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ မိတ္ထီလာကုန်စည်ဒိုင်တွင် ဆီထွက်သီးနှံများ၊ ပဲမျိုးစုံ သီးနှံများ၊ ဝါသီးနှံများ၊ စားဖိုဆောင်သီးနှံများ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ မိတ္ထီလာကုန်စည်ဒိုင်၌ မတ်လ  တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ဆီထွက်သီးနှံဈေးနှုန်းများမှာ  နှမ်း (ညို) တစ်တင်းလျှင် (၉၅၀၀၀-၉၆၀၀၀) ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် (၁၁၂၀၀၀) ကျပ်၊ နေကြာစေ့ တစ်တင်းလျှင် (၄၀၀၀) ကျပ်၊ နှမ်းဆီ တစ်ပိဿာလျှင် (၁၄၀၀၀-၁၄၅၀၀) ကျပ်၊ မြေပဲဆီ တစ်ပိဿာလျှင် (၁၄၀၀၀-၁၄၅၀၀) ကျပ်၊ နေကြာဆီ တစ်ပိဿာလျှင်(၁၃၀၀၀) ကျပ်၊ နှမ်းဖတ် တစ်ပိဿာလျှင် (၂၆၅၀) ကျပ်၊ ပဲဖတ် တစ်ပိဿာလျှင် (၃၁၀၀) ကျပ်၊ နေကြာဖတ် တစ်ပိဿာလျှင် (၁၈၅၀) ကျပ်ဖြင့် ရောင်းဝယ်ဖြစ်လျက်ရှိပြီး ယခုတစ်ပတ်တွင် ဆီထွက်သီးနှံဈေးနှုန်းများ အနည်ငယ်ကျဆင်းလာပြီး ကုန်ချောဈေးနှုန်းမျာ တည်ငြိမ်၍ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

    ပဲမျိုးစုံအနေဖြင့် ကုလားပဲ (V2) တစ်တင်းလျှင် (၇၈၀၀၀-၈၀၀၀၀) ကျပ်၊ ပဲစဉ်းငုံ (သစ်) တစ်တင်းလျှင် (၁၂၃၀၀၀)ကျပ်၊ ထောဖြူ (သစ်) တစ်တင်းလျှင် (၈၅၀၀၀-၉၀၀၀၀) ကျပ်တို့ဖြင့်လည်းကောင်း  ငရုတ်သီး(သစ်) တစ်ပိဿာလျှင် (၈၀၀၀-၉၀၀၀) ကျပ်၊ ကြက်သွန်နီ တစ်ပိဿာလျှင် (၁၈၀၀-၂၀၀၀) ကျပ်၊ မကျီးတောင့် တစ်ပိဿာလျှင် (၂၆၀၀-၂၇၀၀) ကျပ်၊ မကျီးဖတ် တစ်ပိဿာလျှင် (၄၅၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စည်ဒိုင်မှ သိရှိရပါသည်။

DOCA(မန္တလေး)