Main menu

“သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ”

Powered by Drupal

           ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် သီရိမင်္ဂလာဈေးတွင် ဖေဖော်ဝါရီလ (၂)ရက်နေ့မှ (၇)ရက်နေ့အထိ ဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ ရေတာရှည်၊ ဒိုက်ဦးမှ ဖရဲ(855)အကြီး တစ်လုံး ကျပ်(၄၀၀၀)၊ အလတ် ကျပ် (၃၅၀၀)မှ (၁၀၀၀)နှင့် မှော်ဘီ၊ တိုက်ကြီးမှ မာလကာသီး (ကီလို) အကြီးတစ်လုံး ကျပ် (၄၀၀)၊ အလတ် ကျပ် (၃၀၀)၊ အသေး ကျပ် (၂၀၀)တို့ရှိကြောင်း သိရှိရသည်။

              ကျိုက်လတ်၊ ဖျာပုံမှ နှင်းသီးတစ်ခြင်း (၈၀၀၀)ကျပ် (အလုံး ၁၆၀ မှ ၂၀၀ ထိပါ)၊ ပဲခူး (ဘုရားကြီး) မှ စိမ်းစားဥ အလုံးကြီးတစ်တွဲ ကျပ် (၄၀၀)၊ ပြင်ဦးလွင်မှ စတော်ဘယ်ရီ (၅)ပိဿာ တစ်ခြင်း ကျပ် (၃၀၀၀၀) နှင့် (၁၈)ကျပ်သားဗူး ကျပ်(၁၁၀၀) ဈေးတို့ရှိကြောင်း၊ စလေ (ဆင်ဖြူကျွန်း) မှ ဇီးသီး (အစေ့လွတ်) ရှစ်ပြည်တစ်ခြင်း အလုံးကြီး ကျပ် (၆၀၀၀)၊ အလတ် ကျပ် (၅၅၀၀)၊ တွံတေးမှ သခွားမွှေး (သခမသီး) တစ်ခြင်းအလုံးကြီး (၁၇)လုံးပါ ကျပ်(၁၃၀၀၀)၊ အလတ် (၂၅)လုံးပါ ကျပ်(၁၂၀၀၀)၊ အသေး အလုံး(၄၀)ပါ ကျပ် (၁၀၀၀၀)ဈေးတို့ရှိကြောင်း သီရီမင်္ဂလာဈေးရှိ မြန်မာနိုင်ငံသစ်သီးဝလံပန်းမန်ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း (MFVP) မှ သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ရန်ကုန်တိုင်း‌ဒေသကြီး