Main menu

အထက်မင်းလှမြို့၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော ဆန်ဈေးနှုန်းများ

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့သည် စိုက်ပျိုးရေးဒေသဖြစ်သော်လည်း စပါးစိုက်ဧကနည်းပြီး ဆန်မှာ အခြားဒေသတိုင်းများမှ ဝယ်ယူတင်သွင်းရသော ဒေသဖြစ် ပါသည်။ မင်းလှမြို့သို့ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ရေဦးမြို့နှင့် မကွေးတိုင်း၊ မကွေး၊ မင်းဘူး၊ စလင်း၊ ဆင်ဖြူကျွန်းနှင့် ဧရာဝတီတိုင်း၊ ဖျာပုံ၊ ပုသိမ်၊ မြောင်းမြ၊ မြန်အောင်၊ ကြံခင်း၊ ဟင်္သတတို့မှ ကုန်လမ်း၊ ရေလမ်းတို့ဖြင့် ဆန်အိတ်များဝင်ရောက်လျက်ရှိကြောင်းသိရှိရပါသည်။

     ၂၀၂၄ခုနှစ်၊ မတ်လ(တတိယပတ်)တွင် အထက်မင်းလှမြို့၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော ဆန်ဈေးနှုန်းများမှာ ဧရာပဒေသာဆန် ရွှေပိုးအိမ်(၂၄)ပြည်ပါ(၁)အိတ်လျှင် ကျပ်(၁၇၀၀၀၀)၊ စိန်ရတီ(စိမ်း) ကျပ်(၁၆၀၀၀၀)၊ စိန်ရတီ(နီ) ကျပ်(၁၇၀၀၀၀)၊ ကုန်းဇောင်း(အလွတ်) ကျပ် (၁၅၆၀၀၀)၊ မနောသုခ ကျပ်(၁၁၅၀၀၀)၊ ပေါ်ဆန်း(ရွှေဘို) ကျပ်(၁၆၈၀၀၀)၊ ပေါ်ဆန်း(ဖျာပုံ)(၁) အိတ်လျှင် ကျပ်(၁၆၈၀၀၀)၊ ရက်(၉၀) ကျပ်(၁၁၉၀၀၀)၊ ပေါင်းဆန် ကျပ်(၆၀၀၀၀)၊ ဧရာပဒေသာ(သစ်) ကျပ်(၁၄၇၀၀၀) ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း အထက်မင်းလှမြို့၊ အမှတ်(၉)ရပ်ကွက်နေ ဆန်ရောင်းချသည့်ဆန်ကုန်သည်တစ်ဦးထံမှသိရှိရပါသည်။ ယခင် မတ်လ(ဒုတိယပတ်)ဈေးနှုန်းတို့နှင့်နှိုင်းယှဉ်ပါက ယခုအပတ်တွင် ဆန်အဟောင်း(၁)အိတ်လျှင် ကျပ် (၃၀၀၀မှ ၅၀၀၀)ခန့်ဈေးနှုန်းမြင့်တက်လျက်ရှိပြီး ဆန်သစ်ဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မကွေး)