Main menu

ဆိပ်ဖြူမြို့နယ်၌ မတ်လအတွင်းဖြစ်ပေါ်ခဲ့သော ကြက်သွန်နီဈေးနှုန်းဈေးကွက်နှင့် ကုန်စည်စီးဆင်းမှု

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့ရှိ ကြက်သွန်နီကုန်စည်ဒိုင်၌ ၂၀၂၄ခုနှစ်၊ မတ်လအတွင်း မိုးကြက်သွန်နီ(ပင်စိုက်)အသစ်များစတင်ဝင်ရောက်ပြီး ဒေသတွင်းကြက်သွန် စိုက်ပျိုးထွက်ရှိရာ ကျေးရွာများနှင့် ပခုက္ကူ၊ ချောက်မြို့နယ်အတွင်းရှိကျေးရွာများမှ ဝင်ရောက်လျက် အရောင်းအဝယ်ဖြစ်ကြောင်း၊ နေ့စဉ်ကုန်ချိန်ပိဿာ (၈)သောင်းမှ (၂)သိန်းထိဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

       ဈေးနှုန်းဈေးကွက်အနေဖြင့် မတ်လ(ပထမပတ်)တွင် နွေကြက်သွန်နီများ ဒေသတွင်းသီးနှံပေါ်ချိန်အစဖြစ်၍ ဈေးမြင့်၍ အရောင်းအဝယ်ဖြစ်ခဲ့ပြီး နွေကြက်သွန်နီတစ်ပိဿာလျှင် ထိပ်စ အမြင့်ဈေး ကျပ်(၂၆၇၅)နှင့် အနိမ့်ဈေး ကျပ်(၂၁၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး မတ်လ (ဒုတိယပတ်)တွင် ကုန်စည်ဒိုင်သို့ ကြက်သွန်နီကုန်ချိန်ဝင်ရောက်မှုများ၍ ဈေးအနည်းငယ်ကျဆင်းပြီး ထိပ်စတစ်ပိဿာလျှင် အမြင့်ဈေး ကျပ်(၂၂၅၀)၊ အနိမ့်ဈေး ကျပ်(၁၅၀၀)ဖြင့်အရောင်းအဝယ်ဖြစ်ကြောင်း၊ မတ်လ (တတိယပတ်)တွင် ဈေးဆက်လက်ကျဆင်းလာခဲ့ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ နွေကြက်သွန်နီ ထိပ်စတစ်ပိဿာလျှင် အမြင့်ဈေး ကျပ်(၂၁၅၀)၊ အနိမ့်ဈေး ကျပ်(၁၄၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ မတ်လ(စတုတ္ထပတ်)တွင် ဒေသတွင်းကြက်သွန်လှိုင်လှိုင်တူးဖော်ချိန်ဖြစ်၍ ဈေးနှုန်းမှာ တရိပ်ရိပ်ဆက်လက်ကျဆင်း၍ အရောင်းအဝယ်ဖြစ်ကြောင်း၊ နွေကြက်သွန်နီ ထိပ်စတစ်ပိဿာလျှင် အမြင့်ဈေး ကျပ်(၁၉၇၅)၊ အနိမ့်ဈေး ကျပ်(၁၄၀၀) ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ မတ်လအတွင်း နွေကြက်သွန်နီတစ်ပိဿာလျှင် ကျပ်(၃၇၅)ခန့်ဈေးနှုန်းကျဆင်း၍ အရောင်းအဝယ်ဖြစ်ကြောင်း၊ ဒေသတွင်းတူးဖော်လျက်ရှိသော နွေကြက်သွန်နီများ ဈေးကွက်သို့ ကုန်ချိန်ဝင်ရောက်မှုများပြီး ပြည်ပဝယ်လိုအားဈေးကွက်နည်း၍ ဈေးနှုန်းကျဆင်းကြောင်း ကုန်စည်ဒိုင်ဈေးကွက်မှသိရှိရသည်။

       ပြည်တွင်းဈေးကွက်အနေဖြင့် ဆိပ်ဖြူမြို့နယ်မှထွက်ရှိသည့် ကြက်သွန်နီများကို ရန်ကုန်တိုင်းဒသကြီး၊ ဘုရင့်နောင်ကုန်စည်ဒိုင်နှင့် ပြည်၊ ပုသိမ်မြို့များအပြင် ဆိပ်ဖြူမြို့မှ တိုက်ရိုက် မော်တော်ယာဉ်များဖြင့် မြဝတီ၊ မော်လမြိုင်မြို့ ဝယ်လက်များမှတစ်ဆင့် ထိုင်း၊ တရုတ်၊ ဗီယက်နမ်နိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်း၊ ကုန်စည်စီးဆင်းမှုအနေဖြင့် ဘုရင့်နောင်ကုန်စည်ဒိုင်သို့ (၁၂)ဘီးကား (၈၅)စီး၊ ပျမ်းမျှပိဿာချိန် (၉)သိန်း၊ မြဝတီမြို့သို့ တွဲကားအစီးရေ (၃၅)စီး၊ ပျမ်းမျှပိဿာချိန် (၇)သိန်း၊ မော်လမြိုင်မြို့သို့ တွဲကားအစီးရေ (၅)စီး၊ ပျမ်းမျှပိဿာချိန် (၂)သိန်း၊ ပြည်မြို့သို့ (၆)ဘီးကားအစီးရေ (၂၅)စီး၊ ပျမ်းမျှပိဿာချိန် (၂)သိန်း၊ ပုသိမ်မြို့သို့ (၆)ဘီးကားအစီးရေ (၂၆)စီး၊ ပျမ်းမျှပိဿာချိန် (၂)သိန်း၊ စုစုပေါင်းကြက်သွန်နီပျမ်းမျှပိဿာချိန် (၂၂)သိန်း၊ တန်ချိန်အားဖြင့် (၃၅၉၂)တန်ခန့် ကုန်စည်စီးဆင်းခဲ့ကြောင်း ကြက်သွန်နီကုန်စည်ဒိုင်ဈေးကွက်မှသိရှိရပါသည်။

DOCA(မကွေး)