![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/၂၈၇_0.jpg?itok=2QyLI17y)
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူကုန်စည်ဒိုင်တွင် ပဲမျိုးစုံဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ၂၀၂၄ခုနှစ်၊ မတ်လ စတုတ္ထပတ်၌ ထောပတ်ပဲဈေးနှုန်းများ ယခင်အပတ်ထက်မြင့်တက်လာကြောင်း ကုန်စည်ဒိုင်မှသိရှိရပါသည်။ ထောပတ်ပဲစိုက်ပျိုးရာဒေသများဖြစ်သော ပခုက္ကူကျွန်းနယ်များ၊ ရေစကြိုဒေသဘက်မှ ကျွန်းနယ်များနှင့် ယောနယ်ဒေသမှထွက်ရှိသော ထောပတ်ပဲများ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပခုက္ကူကုန်စည်ဒိုင်သည် ပခုက္ကူခရိုင်တစ်ခုလုံး၏ စီးပွားရေးအချက်အချာကျသော နေရာဒေသတစ်ခုလည်းဖြစ်ပါသည်။
ပခုက္ကူကုန်စည်ဒိုင်သို့ ထောပတ်ပဲဖြူ(ကျွန်း)နှင့် ထောပတ်ပဲဖြူ(ယော)များ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ၂၀၂၄ခုနှစ်၊ မတ်လ(ပထမပတ်)တွင် ပခုက္ကူကုန်စည်ဒိုင်ပြတ်ဈေးမှာ ထောပတ်ပဲဖြူ (ကျွန်း) မှာ တစ်တင်းလျှင် ကျပ်(၁၁၇၀၀၀)၊ မတ်လ(ဒုတိယပတ်)တွင် ထောပတ်ပဲဖြူ (ကျွန်း) တစ်တင်းလျှင် ကျပ်(၁၁၈၅၀၀)၊ မတ်လ(တတိယပတ်)တွင် ထောပတ်ပဲဖြူ (ကျွန်း) တစ်တင်းလျှင် ကျပ်(၈၇၀၀၀)၊ မတ်လ(စတုတ္ထပတ်)တွင် ထောပတ်ပဲဖြူ (ကျွန်း) တစ်တင်းလျှင် ကျပ်(၉၁၅၀၀) ဖြစ်ပြီး၊ မတ်လ (တတိယပတ်)နှင့်နှိုင်းယှဉ်ပါက ထောပတ်ပဲဖြူ (ကျွန်း)တစ်တင်းလျှင် ကျပ်(၄၅၀၀) ဈေးနှုန်းမြင့်တက်ခဲ့ပါသည်။ မတ်လ(တတိယပတ်)တွင် ထောပတ်ပဲဖြူ (ယော) တစ်တင်းလျှင် ကျပ်(၁၁၅၀၀၀)၊ မတ်လ(စတုတ္ထပတ်)တွင် ထောပတ်ပဲဖြူ (ယော) တစ်တင်းလျှင် ကျပ်(၁၀၁၀၀၀) ဖြစ်ခဲ့သောကြောင့် ထောပတ်ပဲဖြူ (ယော)တစ်တင်းလျှင် ကျပ် (၁၄၀၀၀) ဈေးနှုန်းကျဆင်းနေခဲ့ပြီး အရောင်းအဝယ်ဖြစ်မှုအိတ်ရေမှာ နေ့စဉ် အိတ်(၅၀)မှ အိတ်(၄၀၀)အထိအရောင်းအဝယ်ဖြစ်နေ၍ ယခုအပတ်တွင် ထောပတ်ပဲဖြူများ အရောင်းအဝယ်သွက်လာကြောင်း ကုန်စည်ဒိုင်မှသိရှိရပါသည်။
DOCA(မကွေး)