Main menu

တောင်ငူမြို့တွင် ရာသီစာမန်ကျည်းရွက်နုနှင့် ပဒပ်စာများပေါ်ပြီ

Powered by Drupal

      တောင်ငူမြို့၊ ညောင်ပင်ဈေးတွင် ရာသီစာ မန်ကျည်းရွက်နုနှင့် ပဒပ်စာများပေါ်နေပြီဖြစ်ပါသည်။ မန်ကျည်းရွက်ကို ပဒပ်စာနှင့်ရော၍ အချဉ်ရည်ဟင်းအဖြစ်ချက်စားပါက ယခုကဲ့သို့ ပူပြင်း သောနွေရာသီတွင် ခံတွင်းမြိန်စေသောဟင်းတစ်ခွက်ဖြစ်ပါသည်။ ထို့ပြင် မန်ကျည်းရွက်ကို ကြက်သွန်နီပါးပါးလှီးပြီး မြေပဲဆံအားလှော်၍ သုပ်စားနိုင်သည့်အပြင် မျှင်ငါးပိနှင့် ငရုတ်သီးစိမ်းအား မီးဖုတ်ကာ ရောထောင်းပြီး မန်ကျည်းရွက်ထောင်းအဖြစ်လည်းစားသုံး၍ရပါသည်။

          ပဒပ်စာကို ဟင်းချိုဟင်းချက်ရာတွင် ပါဝင်ပစ္စည်းအဖြစ်အသုံးပြုနိုင်သကဲ့သို့ ပဲဟင်းချိုချက်ရာတွင်လည်း ထည့်ခတ်၍အသုံးပြုနိုင်ပါသည်။

     မန်ကျည်းရွက်နှင့် ပဒပ်စာဈေးနှုန်းများအနေဖြင့် ပဒပ်စာ(၃)ပွင့်ပါ အစည်းတစ်စည်းလျှင် (၂၀၀)ကျပ်နှင့် မန်ကျည်းရွက်(၁၀)ကျပ်သားလျှင် (၂၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ညောင်ပင်ဈေးရှိ ဟင်းရွက်သည်များထံမှလေ့လာသိရှိခဲ့ရပါသည်။

DOCA(ပဲခူး)