Main menu

တောင်ငူမြို့မှ ရာသီပေါ် ဥသျှစ်သီး

Powered by Drupal

    တောင်ငူဒေသတွင် ဥသျှစ်ပင်များကို စီးပွားဖြစ်စိုက်ပျိုးခြင်းမရှိဘဲ အိမ်ဝိုင်းများတွင် စိုက်ပျိုးကြသည့်အပြင် တစ်နှစ်မှသာ တစ်ခါပေါ်သောအသီးဖြစ်သဖြင့် ရှားပါးသောအသီးဖြစ်ပါသည်။ ဥသျှစ်သီးကို အသီးအတိုင်း စားသုံးသူများရှိသကဲ့သို့ ဥသျှစ်ဖျော်ရည်၊ ဥသျှစ်ယိုလုပ်စားသူ များလည်းရှိပါသည်။

     ဥသျှစ်သီးသည် ကျန်းမာရေးအတွက်လည်းအကျိုးပြုပါသည်။ ခန္ဓာကိုယ်တွင် အပူများလျှင် ဥသျှစ်သီးစားပေးရပါသည်။ ဥသျှစ်သီးအခွံကို နေပူလှန်းပြီး ၎င်းအခွံကိုသွေး၍ သောက်လျှင် အပူလျှပ်ခြင်းကိုသက်သာစေပါသည်။

    ဥသျှစ်သီးသာမက ဥသျှစ်ရွက်သည်လည်း အဖိုးတန်သော အရွက်တစ်မျိုးဖြစ်ပါသည်။ ယခုအချိန်သည် ဥသျှစ်ရွက်နုထွက်ချိန်ဖြစ်ပါသည်။ ဥသျှစ်ရွက်ကို ငါးပိရည်နှင့်တို့စား၍သော်လည်းကောင်း၊ အချဉ်ဟင်းချက်၍သော်လည်းကောင်း စားသုံးကြပါသည်။

         တောင်ငူမြို့ ညောင်ပင်ဈေးအတွင်း ဥသျှစ်သီးတစ်လုံးလျှင် ၅၀၀ကျပ်မှ ၁၀၀၀ကျပ်ထိရှိကြောင်း ဥသျှစ်သီးရောင်းချသူများထံမှသိရှိါသည်။

DOCA(ပဲခူး)