Main menu

ဖြူးမြို့တွင် ဆန်စပါးနှင့် ပဲမျိုးစုံဈေးနှုန်းများကျဆင်း

Powered by Drupal

     တောင်ငူခရိုင်၊ ဖြူးမြို့တွင် ဒေသထွက်ပေါ်ဆန်းဆန်မှာ ယခင်လတွင် တစ်အိတ်လျှင် ၁၃၀၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်အိတ်လျှင် ၁၁၀၀၀၀ကျပ်မှ ၁၂၀၀၀၀ကျပ်၊ ဧည့်မထဆန်မှာ ယခင်လတွင် တစ်အိတ်လျှင် ၈၅၀၀၀ကျပ်မှ ၈၇၀၀၀ ကျပ်ထိရှိခဲ့ရာမှ ယခုအပတ်တွင် တစ်အိတ်လျှင် ၇၈၀၀၀ကျပ်မှ ၈၀၀၀၀ကျပ်ထိဈေးနှုန်းကျဆင်းလာခဲ့ပါသည်။

     စပါးဈေးမှာ ယခင်လတွင် ဆန်စက်အရောက် တင်း၁၀၀လျှင် ကျပ်သိန်း ၂၀သိန်းရှိခဲ့ရာမှ ယခုအပတ်တွင် တင်း၁၀၀လျှင် ကျပ်သိန်း၁၈မှ ကျပ်သိန်း ၂၀အထိ၊  ဆန်ကွဲအကြီးမှာ ယခင်လတွင် တစ်အိတ်လျှင် ၆၂၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်အိတ်လျှင် ၅၃၀၀၀ကျပ်မှ ၅၅၀၀၀ကျပ်ထိဈေးနှုန်းကျဆင်းလာခဲ့ပြီး ဆန်ကွဲအသေးမှာ ယခင်လတွင် တစ်အိတ်လျှင် ၄၈၀၀၀ကျပ်၊ ဖွဲနုမှာ ယခင်လတွင် တစ်အိတ်လျှင် ၁၇၅၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေခဲ့ပါသည်။

        မတ်ပဲ(ပိဿာ၃၀ဝင်)အိတ်မှာ ယခင်လတွင် တစ်အိတ်လျှင် ၁၄၅၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်အိတ်လျှင် ၁၃၈၀၀၀ကျပ်၊ ပဲတီစိမ်းမှာ ယခင်လတွင် တစ်အိတ်လျှင် ၁၁၀၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်အိတ်လျှင် ၉၀၀၀၀ကျပ်၊ ပဲလွန်းဖြူမှာ ယခင်လတွင် တစ်အိတ်လျှင် ၁၀၀၀၀၀ကျပ်မှ ယခုအပတ်တွင် ၇၀၀၀၀ကျပ်ဖြင့် ဈေးနှုန်းကျဆင်းလာကြောင်း ဖြူးမြို့၊ ကမ္ဘာကြည်ပွဲရုံမှသိရှိသည်။

DOCA(ပဲခူး)