Main menu

“ ခရမ်းမြို့နယ်၌ ဆောင်းသီးနှံပဲတီစိမ်းနှင့် ပဲတီရွှေဝါ (၁၀၅၀၁၇)ဧက ရာနှုန်းပြည့်ရိတ်သိမ်းပြီးစီး ”

Powered by Drupal

    ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင် ခရမ်းမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများ သီးနှံဝင်ငွေတိုးပွားစေရန်၊ နိုင်ငံအတွင်းစားနပ်ရိက္ခာဖူလုံစေရန်နှင့် ပြည်ပ ဝင်ငွေတိုးပွားစေရေး ပြည်ပတင်ပို့နိုင်ရန် အလေးထားစိုက်ပျိုးထုတ်လုပ်လျက်ရှိသော ပဲတီစိမ်းနှင့် ပဲတီရွှေဝါတို့အား တစ်မြို့နယ်လုံးအတိုင်းအတာအနေဖြင့် ၂၀၂၃-၂၀၂၄ခုနှစ်တွင် စိုက်ဧက (၁၀၅၀၁၇)ဧက အောင်မြင်စွာဖြစ်ထွန်းပြီး ရာနှုန်းပြည့်စိုက်ပျိုးနိုင်ခဲ့ရာ ယခုအချိန်တွင် ရာနှုန်းပြည့် အောင်မြင်စွာ ရိတ်သိမ်းပြီးစီးကြောင်း လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရှိရပါသည်။

    ခရမ်းမြို့နယ်အတွင်းရှိ ရွာမကြီး(၆၄)ရွာအတွင်းရှိ ပဲစိုက်တောင်သူများအားလုံးသည် ပဲတီစိမ်းနှင့် ပဲတီရွှေဝါတို့အား ရာနှုန်းပြည့်စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး ပဲတီစိမ်းရေဆင်းမျိုးကို အဓိကအားထားစိုက်ပျိုးဖြစ်ထွန်းအောင်မြင်နိုင်ခဲ့ပြီး ယခုဆိုလျှင် ပဲတီစိမ်းနှင့် ပဲတီရွှေဝါစိုက်ဧကများအား ရာနှုန်းပြည့်အောင်မြင်စွာရိတ်သိမ်းနိုင်ခဲ့ပြီး (၁)ဧကအထွက်နှုန်း ပျှမ်းမျှ(၁၆.၆၃)တင်း ထွက်ရှိခဲ့ရာ တစ်မြို့နယ်လုံးအထွက်တင်း စုစုပေါင်း(၁၇၄၆၄၃၂)တင်း ထွက်ရှိခဲ့ကြောင်း သိရှိရပြီး ထွက်ရှိလာသော ပဲတီစိမ်းနှင့်ပဲတီရွှေဝါများအား ခရမ်းမြို့နယ်မှ နယ်ခံပဲအဝယ်ဒိုင် များမှ ဝယ်ယူပေးလျက်ရှိပြီး ပဲ(၁)တင်း ဈေးနှုန်းအနေဖြင့် ပဲတီစိမ်းရေဆင်းမျိုးမှာ (၁)တင်းလျှင် (၇၀၀၀၀)ကျပ်မှ (၇၂၀၀၀)ကျပ်၊ ပဲတီရွှေဝါ(၁)တင်းလျှင် (၇၈၀၀၀)ကျပ်မှ (၈၀၀၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ခရမ်းမြို့နယ်အတွင်းရှိ ပဲအဝယ်ဒိုင်များအနေဖြင့် မိမိတို့၏ ကုန်အဝယ်ဒိုင်များမှ ရရှိလာသော ပဲတီစိမ်းနှင့်ပဲတီရွှေဝါတို့အား ရန်ကုန်မြို့ရှိ လှိုင်သာယာ၊ ရွှေပြည်သာ၊ ရွှေလင်ဗန်း စက်မှုဇုန်နှင့် ဒဂုံဆိပ်ကမ်းမြို့နယ်များရှိ ကုမ္ပဏီနှင့်စက်ရုံများသို့ ပြန်လည်တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)