Main menu

“ ခရမ်းမြို့နယ်၌ ဆီစက်များ မြေပဲဆီကြိတ်ခွဲနေမှုအခြေအနေ ကွင်းဆင်းစစ်ဆေးခြင်း ”

Powered by Drupal

    ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင် ခရမ်းမြို့နယ်အတွင်းရှိ မြေပဲဆီကြိတ်ခွဲထုတ်လုပ် လျက်ရှိသော ဆီစက်များတွင် ပြည်တွင်း၌ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးပြီး ပြည်တွင်း၌ စားသုံးဆီဖူလုံမှုရှိစေရေး အလေးထားဆောင်ရွက်လျက်ရှိသကဲ့သို့ ပြည်ပမှတင်သွင်းသည့် စားသုံးဆီများအား လျှော့ချတင်သွင်းခွင့်ပြုလုပ်လျက်ရှိရာ ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် မတ်လ (၂၆)ရက်နေ့၊ နံနက်(၁၁:၃၀)အချိန်တွင် ဆီစက်လုပ်ငန်းရှင်များအား သွားရောက်တွေ့ဆုံပြီး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

      ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ခရမ်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများမှ ဆီစက်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ဆီစက်များကြိတ်ခွဲထုတ်လုပ်မှု အခြေအနေများအား မေးမြန်းစုံစမ်းခဲ့ရာ ဆီစက်လုပ်ငန်းရှင်များမှ နှစ်စဉ်ဆောင်းသီးနှံ မြေပဲပေါ်ချိန် မတ်လမှ စတင်၍ တောင်သူများ၏မြေပဲသီးနှံများအား နဝလီမြေပဲဆီကြိတ်ခွဲ ထုတ်လုပ် ပေးလျှက်ရှိပါကြောင်း နှစ်စဉ်မတ်လမတိုင်ခင် မြေပဲဆီကြိတ်ခွဲရန် ဆီစက်များအား ကြိုတင်ပြင်ဆင်ဆောင်ရွက်ပေးပါကြောင်း မြေပဲကုန်ကြမ်းများအား မြို့နယ်အတွင်းရှိ တောင်သူများထံမှ လည်းကောင်း ခရမ်းမြို့နယ်နှင့်ဆက်စပ်သော ကဝမြို့နယ်ရှိ မြေပဲစိုက်တောင်သူများထံမှ မြေပဲဝယ်ယူ၍ကြိတ်ခွဲခြင်း တောင်သူမြေပဲများအား နဝလီကြိတ်ခွဲခြင်းများ အဆင်ပြေအောင် ဆောင်ရွက်လျက်ရှိပါကြောင်း ဆီစက်(၁)စက် ဆီတစ်ရက် ကြိတ်ခွဲထုတ်လုပ်မှုမှာ မြေပီဆီပိဿာချိန်ပျမ်းမျှ (၁၀၀)ပိဿာခန့် ထုတ်လုပ်လျက်ရှိပြီး တစ်နှစ်ပတ်လုံး အတိုင်းအတာအနေဖြင့် မြေပဲကုန်ကြမ်းရရှိသော မတ်လမှ မေလအထိသာ ကြိတ်ခွဲထုတ်လုပ်ခြင်းများရှိပြီး မြေပဲဆီ တစ်ပိဿာ စက်ကြိတ်ခွဲ တစ်နှုန်းထားမှာ (၁၅၀၀)ကျပ်ဖြင့် ကြိတ်ခွဲပေးလျက်ရှိကြောင်း ဆီစက်လုပ်ငန်းများ ယခုထက် တွင်ကျယ်စွာ ဆောင်ရွက်နိုင်ရန် ကုန်ကြမ်းရရှိမှုများ လိုအပ်လျက်ရှိပါကြောင်း ဆီစက်များမှာ ယခင်စက်အမျိုးအစားများဖြင့်သာ ဆောင်ရွက်နေရပြီး ဆီကြိတ်ခွဲထုတ်လုပ်မှုများ ဖွံ့ဖြိုးတိုးတက် စေရေးတို့အတွက် ခေတ်မီစက်ကိရိယာများဖြင့်ကြိတ်ခွဲနိုင်ရန် နိုင်ငံတော်မှ အကူအညီများ လိုအပ်လျက်ရှိပါကြောင်း ဆီစက်လုပ်ငန်းရှင်များက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)