![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/12_11.jpg?itok=no60kcMo)
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့၊ စည်ပင်သာယာဈေးတွင်ရှိသော ချင်းဈေးနှုန်းများမှာ ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် ချင်း ၁၀ကျပ်သားလျှင် ၈၀၀ကျပ်ရှိခဲ့ပြီး ယခုမတ်လ နောက်ဆုံးပတ်တွင်လည်း ၈၀၀ကျပ်ရှိနေပါသည်။ ချင်းဈေးနှုန်းမှာ ဈေးငြိမ်နေပါသည်။
ကြက်သွန်ဖြူဈေးနှုန်းများအနေဖြင့် ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် ကြက်သွန်ဖြူ (ကြူကုတ်) ၁၀ကျပ်သားလျှင် ၁၆၀၀ကျပ်၊ မတ်လ ပထမပတ်၊ ဒုတိယပတ်၊ တတိယပတ်ထိ ဈေးနှုန်းအပြောင်းအလဲမရှဘဲ ဈေးငြိမ်နေပါသည်။
ကြက်သွန်ဖြူ(ရှမ်းစ) ၁၀ကျပ်သားလျှင် ၂၀၀၀ကျပ်ပေါက်ဈေးရှိနေပြီး မတ်လ ပထမပတ်၊ ဒုတိယပတ်၊ တတိယပတ်ထိ ဈေးနှုန်းအပြောင်းအလဲမရှိဘဲ ဈေးငြိမ်နေပါသည်။ မတ်လ နောက်ဆုံးပတ်တွင် ကြက်သွန်ဖြူ (ရှမ်းစ)အသစ်များလည်း ဈေးကွက်အတွင်း ဝင်ရောက်သဖြင့် ဈေးနှုန်းကျဆင်းလျက်ရှိပြီး ၁၀ကျပ်သားလျှင် ၁၄၀၀ကျပ်မှ ၁၈၀၀ကျပ်ထိဈေးနှုန်းကျဆင်းသွားကြောင်းပါသည်။
DOCA(ပဲခူး)