ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်ရှိ ပဲမျိုးစုံရောင်းဝယ်ရေးပွဲရုံများတွင် ယခု၂၀၂၄ခုနှစ်၊ မတ်လအတွင်း ရောင်းဝယ်နေသော မတ်ပဲဈေးနှုန်းများမှာ ယခင်ဖေဖော်ဝါရီလတွင် ရောင်းဝယ်ခဲ့သော ဈေးနှုန်းများထက် ဈေးကျနေသည်ကိုတွေ့ရှိရပါသည်။
မတ်လ ပထမပတ်တွင် ရောင်းဝယ်ခဲ့သော မတ်ပဲဈေးနှုန်းများမှာ ပိဿာ (၂၀)ဝင်တစ်တင်းလျှင် (၉၄၇၀၀-၉၆၇၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ တောင်သူများအနေဖြင့် ဈေးပြန်အတက်ကို စောင့်နေခဲ့သော်လည်း ဒုတိယပတ်တွင် ပိဿာ (၂၀) ဝင်တစ်တင်းလျှင် (၉၅၈၀၀ မှ ၉၅၃၀၀)ကျပ်ဈေးနှုန်းကျဆင်းခဲ့ပါသည်။
၂၀၂၄ခုနှစ်၊ မတ်လ တတိယပတ်တွင် ပိဿာ (၂၀) ဝင်တစ်တင်းလျှင် (၉၄၅၀၀-၉၂၈၀၀) ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ယခုစတုတ္တပတ်တွင် ပိဿာ(၂၀)ဝင်တစ်တင်းလျှင် (၉၂၈၀၀-၉၃၀၀၀)ကျပ်ထိ ဈေးနှုန်းကျဆင်းသွားကြောင်းသိရပါသည်။
တင်ပို့ရောင်းချမှုအနေဖြင့် ရန်ကုန်ဝယ်လက်သို့ တစ်ရက်လျှင် အိတ်(၃၅၀)ဆံ့ကား (၂)စီးဖြင့် တင်ပို့နေရကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)