Main menu

သဲကုန်းမြို့နယ်တွင် ယခုနှစ်မန်ကျည်းသီးမှည့်များ အထွက်နှုန်းနည်း၍ ဈေးကောင်းရရှိနေ

Powered by Drupal

   ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ယခု၂၀၂၄ခုနှစ်၊ မတ်လမှာ မန်ကျည်းသီးမှည့်များလှိုင်လှိုင်ထွက်ရှိချိန်ဖြစ်သော်လည်း ယခုနှစ်တွင် မကျည်းသီးအထွက်နှုန်းနည်းသောကြောင့် ဈေးကောင်းရရှိနေကြောင်းသိရပါသည်။

        ဇန်နဝါရီလ  မန်ကျည်းသီးမှည့် စတင်ထွက်ရှိချိန်တွင် ဈေးကွက်အတွင်း အခွံချွတ်ပြီးသော မန်ကျည်းသီးတစ်ပိဿာလျှင် လက်လီ (၃၅၀၀) ကျပ်၊ လက္ကား (၂၅၀၀)ကျပ်၊  အစေ့မပါ တစ်ပိဿာလျှင် လက်လီ (၆၀၀၀)ကျပ်၊ လက္ကား (၅၀၀၀)ကျပ်ဈေးပေါက်ခဲ့ပြီး ယခုမတ်လမှာ မန်ကျည်းမှည့်လှိုင်လှိုင်ထွက်ရှိချိန်ဖြစ်သော်လည်း အထွက်နှုန်းနည်းလျော့နည်း၍ ဈေးနှုန်းကျဆင်းခြင်းမရှိဘဲ  မတ်လ တတိယပတ်တွင် မန်ကျည်းမှည့်အခွံချွတ်ပြီး တစ်ပိဿာလျှင် လက်လီ (၄၀၀၀) ကျပ်၊ လက္ကား (၃၅၀၀)ကျပ်၊  အစေ့မပါတစ်ပိဿာလျှင် လက်လီ (၆၅၀၀)ကျပ်၊ လက္ကား (၆၀၀၀)ကျပ် ပေါက်ဈေးရှိသဖြင့် ဇန်နဝါရီလ မန်ကျည်းမှည့်စတင်ထွက်ရှိချိန် ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက (၅၀၀)ကျပ်ဈေးနှုန်းမြင့်တက်သွားကြောင်း မန်ကျည်းသီးမှည့်ရောင်းဝယ်သူတစ်ဦးထံမှသိရှိရပါသည်။

DOCA(ပဲခူး)