Main menu

ရွှေဘိုမြို့တွင် စပါးဆန်ဈေးနှုန်းများတည်ငြိမ်နေ

Powered by Drupal

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများ၊ စပါး/ဆန်ဈေးနှုန်းများနှင့် အခြေခံစားသောက်ကုန်ဈေးနှုန်းစာရင်းများကို အပတ်စဉ်တင်ပြလျက်ရှိပါသည်။

       ရွှေဘိုခရိုင်အနေဖြင့် (၂၀၂၃-၂၀၂၄) ခုနှစ် မိုးစပါးရာသီတွင် ရွှေဘိုပေါ်ဆန်းစပါးများကို အများဆုံးစိုက်ပျိုးပြီး ဧရာမင်းစပါးကို ဒုတိယအများဆုံးစိုက်ပျိုးခဲ့ပါသည်။ စိုက်ပျိုးထားသည့် မိုးစပါးများကို ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလမှ စတင်ရိတ်သိမ်းခဲ့ပြီး ဇန်နဝါရီလကုန်တွင် ရိတ်သိမ်းပြီးစီးပြီးခဲ့ရာ  စပါးများစတင်ရိတ်သိမ်းပြီး စတင်ပေါ်ချိန် ဒီဇင်ဘာလ၊ ဒုတိယပတ်တွင်ရောင်းချသည့် စပါးဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းစပါးတင်း(၁၀၀)လျှင် (၃၂၀၀၀၀ဝိ/-)ကျပ်၊ (၁၀၈)ပေါင်ဆန်တစ်အိတ်လျှင် (၁၂၀၀၀ဝိ/-) ကျပ်နှင့် ဧရာမင်းစပါး တင်း(၁၀၀)လျှင် (၂၁၀၀၀၀ဝိ/-)ကျပ်၊ (၁၀၈)ပေါင်ဆန်တစ်အိတ်လျှင် (၁၀၅၀၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့ပါသည်။

     ဒီဇင်ဘာလ၊ တတိယပတ်မှစတင်၍ စပါး၊ ဆန်ဈေးနှုန်းများမှာ တစ်ဖြည်းဖြည်းမြင့်တက်လာခဲ့ ပြး ဖေဖော်ဝါရီလ၊ ဒုတိယပတ်၌ ရွှေဘိုပေါ်ဆန်းစပါး းတင်း(၁၀၀)လျှင် (၄၀၀၀၀၀ဝိ/-)ကျပ်၊ (၁၀၈)ပေါင်ဆန်တစ်အိတ်လျှင် (၁၅၀၀၀ဝိ/-)ကျပ်နှင့် ဧရာမင်းစပါး တင်း(၁၀၀)လျှင် (၃၂၀၀၀၀ဝိ/-) ကျပ်၊ (၁၀၈)ပေါင်ဆန်တစ်အိတ်လျှင် (၁၄၀၀၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့ပြီး ဧပြီလ၊ ပထမပတ်အထိ စပါး၊ ဆန်ဈေးနှုန်းများမှာ ပြောင်းလဲမှုမရှိဘဲ ဈေးငြိမ်နေကြောင်း၊ အရောင်းအဝယ်မှာလည်း ပုံမှန်သာရှိကြောင်း ဆန်စက်လုပ်ငန်းရှင်နှင့် ဆန်ကုန်သည်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)