Main menu

ကျွန်းလှမြို့နယ်တာဝန်ခံရုံး၏ လစဉ်လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ

Powered by Drupal

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးလက်အောက်ရှိ ကျွန်းလှမြို့နယ်တာဝန်ခံရုံးအနေဖြင့်  စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဖြစ်သည့် ဟောပြောပွဲများ၊ စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် “ထုတ်ကုန်လုံခြုံစိတ်ချရမှုအစ ကုန်အညွှန်းအမှတ်အသားက” ဆိုသည့်အတိုင်း ဈေးကွက်အတွင်း ရောင်းချလျက်ရှိသောကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများကို ညွှန်ကြားချက်နှင့်အညီ ဖော်ပြထားခြင်းရှိ/မရှိ တို့ကို မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခြင်းများ၊  ဌာန၏ မျှော်မှန်းချက်ဖြစ်သည့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားဖွံဖြိုးတိုးတက်စေရန်” ဆိုသည့်အတိုင်း  ပြည်တွင်းကုန်သွယ်မှုလုပ်ငန်းများကိုလည်း လစဉ် ကွင်းဆင်းတွေ့ဆုံဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

     ထိုသို့ဆောင်ရွက်ရာတွင် (၆-၃-၂၀၂၄)ရက်နေ့၊ နံနက်(၀၉း၀၀)နာရီအချိန်တွင် ကျွန်းလှမြို့၊ မြို့ပေါ်ရပ်ကွက်အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း (၁)ကြိမ်၊ မတ်လ(၁၁-၃-၂၀၂၄)ရက်နေ့၊ နံန(၀၉း၀၀)နာီအချိန်တွင် ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်အတွင်းရှိ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း (၁)ကြိမ်၊ (၁၃-၃-၂၀၂၄) ရက်နေ့၊ နံနက်(၀၉း၃၀)နာရီအချိန်တွင်  ကျွန်းလှမြို့နယ်ရှိ စက်သုံးဆီဆိုင်များအား အထူးဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း (၁)ကြိမ်၊ မတ်လ(၁၄-၃-၂၀၂၄)ရက်နေ့၊ နံနက်(၀၉း၃၀)နာရိအချိန်တွင်  ကျွန်းလှမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနတွင် စားသုံးသူအကာအကွယ်ပေးရေးအသိပညာပေးဟောပြောပွဲ (၁)ကြိမ်၊ (၁၄-၃-၂၀၂၄)ရက်နေ့၊ နံနက် (၁၀း၀၀)နာရိအချိန်တွင် ကျွန်းလှမြို့ရှိ ”Mo” သောက်ရေသန့်စက်ရုံလုပ်ငန်းရှင်နှင့် တွေ့ဆုံကွင်းဆင်းအသိပညာပေးခြင်း (၁)ကြိမ်၊(၁၅-၃-၂၀၂၄)ရက်နေ့၊ နံနက် (၀၉း၃၀)နာီအချိန်တွင်  ကျွန်းလှမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနခန်းမတွင် ကမ္ဘာ့စာသုံးသူအခွင့်အရေးများနေ့ (Talk Show)(၁)ကြိမ် စသည်ဖြင့် ကွင်းဆင်းတွေ့ဆုံဆွေးနွေးမှုများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)