Main menu

ကန့်ဘလူခရိုင်အတွင်းဖြစ်ပေါ်နေသော စပါး၊ ဆန်ဈေးနှုန်းများ

Powered by Drupal

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၌ ၂၀၂၄ခုနှစ်၊ မတ်လ နောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်ခဲ့သော စပါး၊ ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း(၁၀၀)လျှင် ငွေကျပ်၃၇၀၀၀၀၀၊ ဧရာမင်းစပါး တင်း(၁၀၀)လျှင် ငွေကျပ်၂၅၀၀၀၀၀နှင့် ရွှေဘိုပေါ်ဆန်းဆန် ၂၄ပြည်ပါတစ်အိတ်လျှင် ငွေကျပ်၁၂၅၀၀၀၊ ဧရာမင်းဆန် ၂၄ပြည်ပါတစ်အိတ်လျှင် ငွေကျပ်၁၁၅၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာ  ယခင်အပတ်ဈေးနှုန်းများနှင့်နှိုင်းယှဉ်ကြည့်လျှင် စပါးဈေးမှာတည်ငြိမ်နေပြီး ဆန်ဈေးနှုန်းမှာ အနည်းငယ်ကျဆင်းနေကြာင်း၊ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုအနေဖြင့် မန္တလေးတိုင်းဒေသကြီးသို့ ဆန်အိတ်ရေ ၂၀၀၀အိတ်နှင့် ရန်ကုန်တိုင်းဒေသကြီးသို့အိတ်ရေ ၁၀၀၀၊ စုစုပေါင်း ၃၀၀၀အိတ်၊ တန်အားဖြင့် ၁၅၀တန်စီးထွက်ခဲ့ကြောင်း ဒေသခံဆန်စက်လုပ်ငန်းရှင်များထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)