Main menu

ကန့်ဘလူခရိုင်ရှိ ဘိလပ်မြေရောင်းချသည့်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်ရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးအတွက် အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိသည့်အပြင် ပြည်သူများအလွယ်တကူဝယ်ယူသုံးစွဲနိုင်စေရန်နှင့် ဈေးနှုန်း၊ ဈေးကွက်တည်ငြိမ်မှန်ကန်စေရန်ရည်ရွယ်၍ (၁-၄-၂၀၂၄)ရက်နေ့တွင် ကန့်ဘလူ မြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဝန်ထမ်း(၁)ဦးတို့သည် ကန့်ဘလူမြို့ပေါ်ရှိ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းရောင်းချသည့်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်ရှိ လုပ်ငန်းရှင်များအနေဖြင့် ဘိလပ်မြေများကို မန္တလေးမြို့မှတစ်ဆင့်ဝယ်ယူ၍ ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် “CROWN” အမှတ်တံဆိပ် ဘိလပ်မြေ‌ဈေးနှုန်းမှာ တစ်အိတ်လျှင် ၁၆၅၀၀ကျပ်နှင့် “ကြံ့နှစ်ကောင်”အမှတ်တံဆိပ် ဘိလပ်မြေဈေးနှုန်းမှာ တစ်အိတ်လျှင် ၁၆၀၀၀ကျပ်၊ မြန်မာထုတ် ဆောက်လုပ်ရေးလုပ်ငန်းသုံး ငါးမူးသံချောင်းလုံး (၁)ချောင်းလျှင် ၁၆၀၀၀ကျပ်နှင့် သုံးမူးသံချောင်းလုံး (၁)ချောင်းလျှင် ၁၁၀၀၀ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်း လုပ်ငန်းရှင်ထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)