Main menu

မြောင်းမြမြို့၊မုန့်မျိုးစုံလုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

           ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးဦးဇော်လင်းအောင်၊ ဒု-ခရိုင်ဦးစီးမှူး ဦးသန့်ဇင်၊ မြို့နယ်တာဝန်ခံဦးလှထွဋ်ဦးတို့သည် ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ ၇ရက်နေ့၊ (၁၀)နာရီ အချိန်က မြောင်းမြမြို့၊ အမှတ်(၉၁)၊(၁၀)လမ်းကြားရှိ မော်မော်မုန့်မျိုးစုံလုပ်ငန်းကို နယ်မြေ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ထိုသို့စစ်ဆေးရာတွင် မော်မော်မုန့်မျိုးစုံနှင့် ယိုမျိုးစုံလုပ်ငန်းမှ ထုတ်လုပ်လျက်ရှိသော ကြာဇံမရွေးနှင့် ယိုမုန့်ဗူးများပေါ်တွင် စားသုံးသူကာကွယ်ရေးဥပဒေ၊ အခန်း(၁၈)ပါ ကုန် အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် ကိုက်ညီမှုရှိ/မရှိစစ်ဆေးခဲ့ပြီး ကုန်အညွှန်းအမှတ် အသားဖော်ပြရာတွင် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်များ၊ အရေးယူဆောင်ရွက်မှုများ၊ ပြစ်မှုပြစ်ဒဏ်များအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ဧရာဝတီတိုင်းဒေသကြီး