Main menu

မုန့်လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးအသိပညာပေးပြောကြားခြင်း

Powered by Drupal

     ၂၀၂၄ခုနှစ်၊ ဧပြီလ ၃ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်ဦးစီးမှူးရုံးမှ မော်လမြိုင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများအဖွဲ့သည် မော်လမြိုင်မြို့၊ ပတ္တမြားဘုရားလမ်း၊ သွေးသောက်ကျေးရွာရှိ ပြည်မြန်မာမုန့်တိုက်မှ မုန့်လုပ်ငန်းရှင်နှင့် ဝန်ထမ်း (၁၀) ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

     အဆိုပါဟောပြောဆွေးနွေးပွဲတွင် မြို့နယ်တာဝန်ခံ ဦးအောင်ကိုကိုက စားသုံးသူကာကွယ်ရေးဥပဒေ၏ ရည်ရွယ်ချက်များ၊ စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပါယ်ဖော်ပြချက်များ၊ စားသုံးသူ၏အခွင့်အရေးများ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ထုတ်လုပ်ရောင်းချသည့် ကုန်စည်များအား ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချမည်ဆိုပါက စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈) တွင် ပြဋ္ဌာန်းထားသည့် ကုန်အညွှန်းအမှတ်အသားများကို မဖြစ်မနေဖော်ပြရမည်ဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသည့် ကုန်စည်များအား ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချခွင့်မရှိကြောင်းနှင့် ရောင်းချပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်သဖြင့် ကုန်အညွှန်းအမှတ်အသားမပြုလုပ်ရသေးပါက လာရောက်ပြုလုပ်ကြရန် တိုက်တွန်းရှင်းလင်းဆွေးနွေးခဲ့ပါသည်။

    ဆက်လက်၍ လုပ်ငန်းရှင်များအနေဖြင့် မိမိလုပ်ငန်းများရှိကုန်ပစ္စည်းများကို အွန်လိုင်းဖြင့်ရောင်းချမည်ဆိုပါက အွန်လိုင်းမှတ်ပုံတင်ခြင်းလုပ်ဆောင်ပြီးမှသာ ရောင်းချခွင့်ရှိမည်ဖြစ်ကြောင်းနှင့် အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့်ပတ်သက်၍ သိလိုသည်များရှိပါက စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးသို့ လာရောက်လေ့လာစုံစမ်းနိုင်ကြောင်းသိရှိရပါသည်။

DOCA(မွန်)