မွန်ပြည်နယ်တွင် မတ်လမှစ၍ ပိန္နဲသီးများစတင်ထွက်ပေါ်နေပြီး အဝယ်လိုက်ကာ အရောင်းအဝယ်ကောင်း၍ ယခင်နှစ်ထက် ဈေးကောင်းရရှိနေကြောင်းသိရသည်။ ရာသီပေါ်ပိန္နဲသီးများကို အလုံးလိုက်ဈေးဖြင့်ရောင်းချနေသည့်အပြင် ကီလိုဖြင့်လည်းရောင်းချလျက်ရှိသည်။ အရွယ်အစားပေါ်မူတည်ပြီး တစ်လုံးလျှင် အနည်းဆုံး ကျပ်၂၅၀၀မှ အများဆုံး ကျပ်၁၂၀၀၀ထိ ဈေးနှုန်းအသီးသီးရရှိနေပြီး ယခင်နှစ်ထက် တစ်လုံးလျှင် အနည်းဆုံး ကျပ်၁၀၀၀မှ အများဆုံး ကျပ်၅၀၀၀ထိဈေးပိုမိုရရှိကြောင်း၊ ဝယ်ယူမှုအနေဖြင့် ပြည်နယ်တွင်းဝယ်ယူမှုသာမက အခြားတိုင်းနှင့် ပြည်နယ်များမှလည်း မှာယူမှုများနေကြောင်း ပိန္နဲစိုက်ပျိုးရောင်းချသူထံမှသိရှိရပါသည်။
DOCA(မွန်)