Main menu

အောင်လံကုန်စည်ဒိုင်၏ သီးနှံမျိုးစုံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှုအခြေအနေ

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၊ အောင်လံကုန်စည်ဒိုင်တွင် မတ်လ စတုတ္ထပတ်အတွင်း လယ်ယာထွက်ကုန်သီးနှံမျိုးစုံဖြစ်သည့် နှမ်းနှင့်ပဲမျိုးစုံသီးနှံများဖြစ်ပေါ်နေသော ဈေးနှုန်းများနှင့် အရောင်းအဝယ်အခြေအနေများမှာ နှမ်းနက်(စမုံ) (၄၅)ပိဿာပါ (၁)အိတ်လျှင် ကျပ်(၃၅၀၀၀၀-၃၈၀၀၀၀)ဖြင့် အိတ်(၁၂၀၀)ကိုလည်းကောင်း၊ နှမ်းပြာ(၄၅)ပိဿာပါ (၁)အိတ်လျှင် ကျပ် (၃၄၀၀၀၀)ဖြင့် အိတ်(၁၈၀)ကိုလည်းကောင်း၊ နှမ်းနီ(၄၅)ပိဿာပါ (၁)အိတ်လျှင် ကျပ်(၃၄၀၀၀၀) ဖြင့် အိတ်(၈၀)ကိုလည်းကောင်း၊ နှမ်းဖြူ(၄၅)ပိဿာပါ (၁)အိတ်လျှင် ကျပ်(၃၅၀၀၀၀)ဖြင့် အိတ် (၆၀)ကိုလည်းကောင်း နှမ်းသီးနှံဈေးနှုန်းများပြောင်းလဲခြင်းမရှိဘဲ ပုံမှန်အရောင်းအဝယ်မျှသာဖြစ်လျက်ရှိပြီး ကုလားပဲ (HL) (၁)တင်းလျှင် ကျပ်(၈၀၀၀၀-၈၃၀၀၀)ဖြင့် (၃၀)ပိဿာပါ အိတ် (၁၃၀၀) အိတ်ကိုလည်းကောင်း၊ ကုလားပဲ (မြကြေး) (၁)တင်းလျှင် ကျပ်(၈၂၀၀၀-၈၇၀၀၀)ဖြင့် (၃၀)ပိဿာပါအိတ် (၈၀၀)အိတ်ကိုလည်းကောင်း၊ မတ်ပဲ(၁)တင်းလျှင် ကျပ်(၈၉၀၀၀-၉၀၅၀၀)ဖြင့် (၃၀)ပိဿာပါ အိတ်(၁၇၀)အိတ်ကိုလည်းကောင်း၊ ပဲစင်းငုံနီ(၁)တင်းလျှင် ကျပ်(၁၁၆၀၀၀-၁၂၀၀၀၀)ဖြင့် (၃၀)ပိဿာပါအိတ် (၁၀၀၀) အိတ်ကိုလည်းကောင်း၊ ဘိုကိတ်ပြာ(၁)တင်းလျှင် ကျပ်(၆၀၀၀၀-၆၄၀၀၀)ဖြင့် (၃၀)ပိဿာပါ အိတ်(၁၀၀)အိတ်ကိုလည်းကောင်း၊ ပဲကြီး(၁)တင်းလျှင် ကျပ်(၈၄၀၀၀-၉၃၀၀၀)ဖြင့် (၃၀)ပိဿာပါ အိတ်(၅၅၀) အိတ်ကိုလည်းကောင်း၊ မြေပဲလုံးဆန် (ဖြူ) (၁)ပိဿာလျှင် ကျပ်(၆၃၅၀-၆၅၀၀)ဖြင့် (၃၀)ပိဿာဝင်အိတ် (၃၈၀) အိတ်ကိုလည်းကောင်း၊ မြေပဲလုံးဆန်(နီ) (၁)ပိဿာလျှင် ကျပ်(၇၂၀၀-၇၉၀၀)ဖြင့် (၃၀)ပိဿာဝင်အိတ် (၁၇၀)အိတ်ကို လည်းကောင်း၊ ဝါ(၁)ပိဿာလျှင် ကျပ်(၂၉၀၀-၃၂၀၀) ဈေးနှုန်းဖြင့် ပိဿာ(၅၀၀၀) စသည်ဖြင့် အသီးသီးအရောင်းအဝယ်ရှိခဲ့ပါသည်။

      မတ်လ (တတိယပတ်) နှင့်နှိုင်းယှဉ်ပါက ပဲမျိုးစုံသီးနှံဈေးနှုန်းမှာ ဈေးနှုန်းအနည်းငယ်လျော့ကျလျက်ရှိပြီး အရောင်းအဝယ်မှာ ခပ်ပါးပါးမျှသာရှိပါသည်။ ပဲကြီး၊ ကုလားပဲသီးနှံတို့မှာ  အသစ်ထွက်ရှိလျက်ရှိသော်လည်း တောင်သူများက အတက်ဈေးနှုန်းကိုစောင့်ကြည့်နေခြင်းဖြစ်၍ အရောင်းအဝယ်နည်းပါးနေသေးကြောင်းနှင့် ဈေးနှုန်းအခြေအနေများကို စောင့်ကြည့်နေခြင်းဖြစ်ကြောင်း အောင်လံကုန်စည်ဒိုင်မှသိရှိရပါသည်။

DOCA(မကွေး)