![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/114_14.jpg?itok=2G-kHrsn)
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ပေါ်တွင် အစေ့လွတ်နှင့် အစေ့ပါ မန်ကျည်းသီးမှည့်များ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး အဓိကအားဖြင့် ယောနယ်ဒေသများနှင့် ကျောက်ပန်းတောင်းမြို့၊ ဆိပ်ဖြူမြို့၊ မြိုင်၊ ကမ္မနှင့် မြစ်ခြေမြို့များမှထွက်ရှိ၍ နေ့စဉ်ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။
၂၀၂၄ခုနှစ်၊ မတ်လ (စတုတ္ထပတ်) တွင် မန်ကျည်းသီးမှည့်ဈေးနှုန်းများမှာ မန်ကျည်းသီးအစေ့ပါ တစ်ပိဿာလျှင် ကျပ်(၂၅၂၀)၊ မန်ကျည်းသီးအစေ့မပါ တစ်ပိဿာလျှင် ကျပ်(၄၀၀၀-၄၂၀၀)ရှိကြောင်းသိရှိရပြီး ယခင်မတ်လ(တတိယပတ်)ထက် ဈေးနှုန်းအနည်းငယ်ကျဆင်း၍ အရောင်းအဝယ်ဖြစ်လျက်ရှိပြီး မန်ကျည်းသီးမှည့်များ လှိုင်လှိုင်ဝင်ရောက်လျက်ရှိကြောင်း၊ အစေ့ပါနှင့် အစေ့လွတ်မန်ကျည်းသားများကို ပခုက္ကူမြို့ပေါ်ရှိ စားသောက်ကုန်လုပ်ငန်းရှင်နှင့် လှောင်လက်သမားများကဝယ်ယူကြောင်း၊ အကြော်ဆိုင်၊ အကင်ဆိုင်များက မန်ကျည်းသီးအချဉ်ရည်များပြုလုပ်ရန်အတွက်ဝယ်ယူခြင်း၊ မန်ကျည်းဖျော်ရည်လုပ်ငန်းများနှင့် မန်ကျည်းတော်ဖီလုပ်ငန်းရှင်များကလည်း အများအပြားဝယ်ယူသည့်အပြင် ရန်ကုန်မြို့နှင့် မန္တလေးမြို့များသို့လည်း တင်ပို့လျက်ရှိကြောင်းသိရှိရပါသည်။
DOCA(မကွေး)