Main menu

“ခရမ်းသီးစျေးနှုန်းစျေးကွက်အခြေအနေ”

Powered by Drupal

      မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ တောင်သူများသည် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ကုန်စိမ်းသီးနှံတစ်မျိုးဖြစ်သော ခရမ်းသီးသီးနှံကိုလည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး လာကြပါသည်။ ခရမ်းသီးသီးနှံကို ရာသီမရွေးစိုက်ပျိုးနိုင်ပြီး ခရမ်းစိုက်ပျိုးမည်ဆိုလျှင် မျိုးစေ့ကိုပျိုးထောင်ပြီး တစ်လခွဲသားအရွယ်တွင် စိုက်ပျိုးရကြောင်း၊ နှစ်လခွဲ၊ သုံးလအချိန်တွင် အသီးများကိုစတင်ခူးဆွတ်နိုင်ပြီး လေးရက်ခြားတစ်ကြိမ် ခူးဆွတ်ရကြောင်း၊ (၁)ကြိမ်ခူးဆွတ်လျှင် အထွက်နှုန်းအနေဖြင့် ပိဿာ(၃၀၀-၄၀၀)အထိထွက်ရှိကြောင်း၊ (၁)ဧကကုန်ကျစရိတ်အနေဖြင့် ပျိုးထောင်ခြင်း၊ မြေပြင်ခြင်း၊ သွင်းအားစု၊ စိုက်ပျိုးစရိတ်၊ လုပ်သားခအပါအဝင် စုစုပေါင်း (၇၅၀၀၀၀-၈၀၀၀၀၀)ကျပ်ခန့်ကုန်ကျကြောင်း၊ မတ်လဆန်းပိုင်းတွင် ခရမ်းသီးစျေးနှုန်းအနေဖြင့် (၁)ပိဿာလျှင် (၁၅၀-၂၀၀)ကျပ်စျေးနှုန်းများရှိခဲ့ပြီး ယခုအချိန်တွင် ခရမ်းသီး (၁)ပိဿာလျှင် (၄၀၀)ကျပ်စျေးနှုန်းတို့ဖြင့် ရောင်းချရကြောင်း၊ ကုန်စိမ်းသီးနှံဖြစ်သည့်အတွက် တစ်ပတ်နှင့်တစ်ပတ် စျေးနှုန်းမတူညီကြောင်း၊ ကုန်စိမ်းပွဲစားများက စိုက်ခင်းအထိလာရောက်ဝယ်ယူသည့်အတွက် သယ်ယူစရိတ်သက်သာကြောင်းနှင့် မန္တလေး၊ နေပြည်တော်၊ ရန်ကုန်စျေးကွက်များသို့ တင်ပို့ရောင်းချကြောင်း၊ (၁)ဧကအကျိုးအမြတ်အနေဖြင့် (၄၅၀၀၀၀-၅၀၀၀၀၀)ကျပ်ခန့်ရရှိကြောင်း ခရမ်းသီးစိုက်ပျိုးသူ တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)