Main menu

ဆောင်းကြက်သွန်နီရိတ်သိမ်းချိန်ဖြစ်၍ ဈေးအနည်းငယ်ကျ

Powered by Drupal

       မိတ္ထီလာဈေးကွက်တွင် ဆောင်းကြက်သွန်နီများ ရိတ်သိမ်းနေပြီဖြစ်၍ ကြက်သွန်နီဈေးအနည်းငယ်ကျဆင်းလာကြောင်းသိရသည်။ ဆောင်းကြက်သွန်နီကို နိုဝင်ဘာလ၊ ဒီဇင်ဘာလတို့တွင် စတင်ပျိုး‌ထောင်စိုက်ပျိုးခဲ့ပြီး ယခုအခါ ကြက်သွန်နီမှာ ဝယ်လိုအားများသဖြင့် ဈေးကောင်းနေရာ ပုံမှန်နုတ်သိမ်းချိန်ထက်စော၍ ရိတ်သိမ်းလာကြပါသည်။ ပုံမှန်အားဖြင့် ဧပြီလ (တန်ခူးလ) တွင် ကြက်သွန်နီများရင့်မာပြီး အမြိတ်ခြောက်ချိန်၌ နုတ်သိမ်းလေ့ရှိသော်လည်း ယခုနှစ်တွင် တောင်သူတချို့မှာ အမြှိတ်မခြောက်မီ ဖေဖော်ဝါရီလလယ်မှစ၍ နုတ်သိမ်းရာ အမြိတ်ခြောက်ချိန်နုတ်သိမ်းမှုထက် နုတ်သိမ်းစရိတ်သက်သာပြီး ဈေးကောင်းရရှိခဲ့ကြောင်းလည်းသိရှိရပါသည်။ ယခုဧပြီလဆန်းပိုင်းတွင် ဒေသစုံ၌ နှုတ်သိမ်းမှုများလာခြင်းကြောင့် မတ်လ နောက်ဆုံးပတ်တွင် တစ်ပိဿာလက်ကားဈေး (၁၆၀၀-၁၇၀၀)ကျပ်ရှိခဲ့ရာမှ ဧပြီလဆန်းတွင် (၁၄၀၀) ကျပ်မှ (၁၆၀၀) ကျပ်သို့ ဈေးအနည်းငယ်ကျဆင်းလာပါသည်။ လှိုင်လှိုင်ရိတ်သိမ်းချိန်ဖြစ်၍ ဈေးနှုန်းကျဆင်းရခြင်းဖြစ်ပြီး ယခုနှစ်တွင် ပြည်တွင်း/ပြည်ပဝယ်လိုအားကောင်းခြင်းကြောင့် ကြက်သွန်နီဈေးကောင်းမည်ဟု ကုန်သည်များက ခန့်မှန်းထားကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)