မြန်မာ့သစ်တောထွက်ကုန်များ တင်ပို့မှုမှာ ဧပြီလ ၁ ရက်နေ့မှစတင်၍ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် မတ်လ ၂၂ ရက်နေ့အထိ အမေရိကန်ဒေါ်လာ ၆၅.၇ သန်းရှိပြီး အစိုးရကဏ္ဍမှ ၀.၇၇ သန်းနှင့် ပုဂ္ဂလိကကဏ္ဍမှ ကန်ဒေါ်လာ ၆၄.၉ သန်းကျော်ရှိကြောင်းစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရသိရသည်။
ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် (ဧပြီမှမတ်လအထိ)တွင် မြန်မာနိုင်ငံ၏ သစ်တော ထွက်ကုန်ပစ္စည်းတင်ပို့မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၃၉.၃၅ သန်းဖြစ်သည်။ မြန်မာ နိုင်ငံသည် ပို့ကုန်မြှင့်တင်ရန်အတွက်အမျိုးသားပို့ကုန်မဟာဗျူဟာ(NES) ၂၀၂၀-၂၀၂၅ ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး (NES)၏ဦးစားပေးကဏ္ဍများမှာ စိုက်ပျိုးရေး ထုတ်လုပ်မှု၊ အထည်ချုပ်နှင့် အဝတ်အထည်စက်မှုနှင့် အီလက်ထရောနစ်စက်ကိရိယာ၊ ရေထွက်ကုန်လုပ်ငန်း၊ သစ်တောထွက်ကုန်ပစ္စည်း၊ ဒစ်ဂျစ်တယ်ထုတ်လုပ်ရေးနှင့်ဝန်ဆောင် မှုများ၊ ထောက်ပံ့ပို့ဆောင်ရေးဝန်ဆောင်၊ အရည်အသွေးစီမံခန့်ခွဲမှု၊ ကုန်သွယ်မှုသတင်း အချက်အလက်ဝန်ဆောင်မှု၊ ဆန်းသစ်တီထွင်မှုနှင့် စွန့်ဦးတီထွင်မှုကဏ္ဍများ စသည်တို့လည်း ပါဝင်ပါသည်။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၏ လွန်ခဲ့သည့် ၁၁ လကာလအတွင်း မြန်မာပို့ကုန်များ တင်ပို့ ရောင်းချခြင်းမှ ကန်ဒေါ်လာ ၁၄.၃ ဘီလီယံ အထိ ရရှိခဲ့သည်ဟု ဆိုသည်။
DOCA(ရန်ကုန်)