Main menu

ပခုက္ကူမြို့ဒေသထွက် ကုန်ချည်ထည်များ၏ ဈေးနှုန်းဈေးကွက်

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ဟုဆိုလျှင် ပြည်သူများက ဝါဒစောင်ကိုပြေးမြင်ကြပြီး ယခင်ကဆိုလျှင် ဝါဒစောင်မှာ နာမည်ကြီးပြီး အရောင်းရဆုံးဖြစ်ကြောင်း၊ ယခုအခါတွင် ဇီးနံလွန်စောင်က အရောင်းရဆုံးဖြစ်ကြောင်းနှင့်  ၁၉၈၀ခုနှစ်ကတည်းက ကိုယ်ပိုင်ရက်ကန်းစင် (၂)စင်စထောင်ခဲ့ကြောင်း၊ တစ်နှစ်ထက်တစ်နှစ် ချည်ထည်ကိုသုံးစွဲမှုများပြားလာသောကြောင့် ရက်ကန်းစင်များကိုတိုးချဲ့လုပ်ကိုင်လာခဲ့ပြီး ယခုအခါတွင် စက်ရက်ကန်းစင်(၆၀)စင်နှင့် လက်ရက်ကန်းစင်(၂၀)စင်၊ စုစုပေါင်းရက်ကန်းစင်ပေါင်း (၈၀)ခန့်ထိရှိကြောင်း ရက်ကန်းလုပ်ငန်းလုပ်ကိုင်သူတစ်ဦးထံမှသိရှိရပါသည်။

         ထုတ်လုပ်မှုအနေဖြင့် စောင်၊ မျက်နှာသုတ်ပုဝါ၊ စားပွဲခင်းနှင့်လက်သုတ်များထုတ်လုပ်ကြောင်း၊ စောင်ဈေးနှုန်းများအနေဖြင့် ဇီးနံလွန် (၅’ x ၆’၄”)တစ်ထည်လျှင် ကျပ်(၁၂၀၀၀)၊ ခေါက်ချိုးစောင်  (၅’ x ၁၃’) တစ်ထည်လျှင် ကျပ်(၂၂၀၀၀)၊ ခေါက်ချိုးစောင် (၄’ x ၁၂’) တစ်ထည်လျှင် ကျပ် (၁၂၅၀၀)၊ ရွတ်လတ်ခေါက်ချိုး (၅’ x ၁၁’)တစ်ထည်လျှင် ကျပ်(၉၅၀၀)၊ ရွတ်ထူ(၅’ x ၁၃’) တစ်ထည်လျှင် ကျပ်(၂၂၀၀၀)၊ ရွတ်ထူ (၅’ x ၆’)တစ်ထည်လျှင် ကျပ်(၁၁၀၀၀)၊ ရွတ်ကြီး (၄’ x ၆’)တစ်ထည်လျှင် ကျပ်(၆၅၀၀)၊ ဝါဒစောင် (၄’ x ၇’)တစ်ထည်လျှင် ကျပ်(၁၅၀၀၀)၊ ဝါဒစောင် (၅’ x ၇’)တစ်ထည်လျှင် ကျပ်(၂၃၀၀၀)၊ ပုလဲတစ်ရာ(၅’၃” x ၇’၆”)တစ်ထည်လျှင် ကျပ်(၂၂၀၀၀)၊ ဖော့ပုလဲ (၅’၄” x ၇’၆”)တစ်ထည်လျှင် ကျပ်(၂၂၀၀၀)၊ ဖော့ပုလဲရေစို(၅’ x ၁၃’)တစ်ထည်လျှင် ကျပ် (၂၂၀၀၀)၊ ဖော့ကွက်စောင်(၅’x၇’၆”)တစ်ထည်လျှင် ကျပ်(၂၂၀၀၀)၊ ချည်လက်ယက်ချိတ်(၅’၃” x ၇’၆”) တစ်ထည်လျှင် ကျပ်(၂၅၀၀၀)၊ ချည်မျက်ဝန်းစောင် (၄’ x ၇’) တစ်ထည်လျှင် ကျပ် (၁၄၀၀၀)၊ ချည်ပန်းချီစောင် (၅’ x ၇’၆”)တစ်ထည်လျှင် ကျပ်(၂၂၀၀၀)၊ ဘာဘယ်ရီချည်ချောစောင် (၄’ x ၇’)တစ်ထည်လျှင် ကျပ်(၁၄၀၀၀)၊ ချင်းစောင် (၅’ x ၇’) တစ်ထည်လျှင် ကျပ်(၁၇၀၀၀)၊ ချင်းစောင် (၄’ x ၇’)တစ်ထည်လျှင် ကျပ်(၁၃၀၀၀)၊ အိပ်ခင်းစောင်(၅’ x ၇’)တစ်ထည် လျှင် ကျပ်(၁၇၀၀၀)၊ အိပ်ခင်းစောင် (၆’ x ၇’)တစ်ထည်လျှင် ကျပ်(၂၉၀၀၀)၊ ဝါချည်စိန်တုန်း (၅’x၇’) တစ်ထည်လျှင် ကျပ် (၁၈၀၀၀)၊ သဘာဝဆိုးဆေးစောင် တစ်ထည်လျှင် ကျပ်(၁၄၀၀၀)ဖြင့်ရောင်းချကြောင်း၊ တဘက်ဆိုလျှင် ကွက်ဆန်းချည်တဘက်တစ်ထည်လျှင် ကျပ်(၂၅၀၀)၊ ချည်တဘက်တစ်ထည်လျှင် ကျပ် (၂၀၀၀)၊ ဖျဉ်တဘက်တစ်ထည်လျှင် ကျပ်(၂၅၀၀)၊ ယောကွက်တဘက်တစ်ထည်လျှင် ကျပ် (၃၅၀၀)၊ ကိုးကန့်တဘက်တစ်ထည်လျှင် ကျပ်(၄၀၀၀)၊ ချင်းတဘက်တစ်ထည်လျှင် ကျပ်(၃၀၀၀)၊ ဇာကွက်တဘက်တစ်ထည်လျှင် ကျပ်(၇၅၀၀)၊ သဘာဝတဘက်တစ်ထည်လျှင် ကျပ်(၁၀၀၀၀)၊ ခြုံတဘက်ကြီးတစ်ထည် လျှင် ကျပ်(၇၀၀၀)ဖြင့်ရောင်းချကြောင်း၊ စားပွဲခင်းဆိုလျှင် ယောစားပွဲခင်းတစ်ထည်လျှင် ကျပ်(၆၅၀၀)၊ ချည်စားပွဲခင်းတစ်ထည်လျှင် ကျပ်(၆၅၀၀) ဖြင့် ရောင်းချကြောင်း၊ လက်သုတ်ဆိုလျှင် ယောကွက်လက်သုတ်တစ်ထည်လျှင် ကျပ်(၁၄၀၀)၊ ဖျဉ်လက်သုတ်တစ်ထည်လျှင် ကျပ်(၇၀၀)၊ စီလွန်လက်သုတ်တစ်ထည်လျှင် ကျပ်(၄၀၀) စသည့်ဈေးနှုန်းအသီးသီးဖြင့်ရောင်းချကြောင်းသိရှိရပါသည်။

       အကျိုးအမြတ်အနေဖြင့် ပစ္စည်းတစ်မျိုးကို ၅%မှ ၇%လောက်သာရရှိကြောင်း၊ တစ်နှစ်ပတ်လုံး အရောင်းအဝယ်မကောင်းဘဲ (၆)လလောက်သာ ကောင်းကြောင်း၊ ကျန် (၆)လတွင်လည်း အလုပ်သမားများ အလုပ်အကိုင်အခွင့်အလမ်းမပျက်စေရေးအတွက် ရက်ကန်းရက်လုပ်ကြောင်းသိရှိရပါသည်။

DOCA(မကွေး)