Main menu

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့အတွင်းရှိ ဆေးဝါးများရောင်းချသော လင်းဆေးဆိုင်၊ အောင်မြင့်မိုရ်ဆေးဆိုင်၊ ရွှေဆေးဆိုင်၊ အောင်သုခဆေးဆိုင်၊ SINMA စူပါမားကတ်မှ ဆေးဆိုင်၊ City Care ဆေးဆိုင်၊ ကောင်းစံဆေးဆိုင်၊ ရောင်နီလင်းဆေးပစ္စည်းအရောင်းဆိုင်များသို့ FDA၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့၊ မြို့နယ်ပြည်သူ့ရဲနှင့် နေပြည်တော်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်းအဖွဲ့သည် (၈-၄-၂၀၂၄) ရက်နေ့၊ နံနက်(၁၀း၃၀) နာရီအချိန်တွင် ဆေးပစ္စည်းအရောင်းဆိုင်များ၌ ဆေးဝါးများပြတ်လတ်မှုရှိ/မရှိ၊ ဈေးနှုန်းမြင့်တက်ခြင်းရှိ/မရှိ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချခြင်းရှိ/မရှိ၊ ဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိသော တရားမဝင်ဆေးဝါးများရောင်းချခြင်းရှိ/မရှိ စစ်ဆေးခဲ့ရာတွင် အားဆေးအုပ်စုမှ Enervon-C ဆေးတစ်မျိုးသာပြတ်လပ်မှုရှိပြီး အရည်အသွေးတူသော ဆေးဝါးများကိုသာ အစားထိုးရောင်းချလျက်ရှိကြောင်းနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ သက်တမ်းလွန်ဆေးဝါးများရောင်းချမှုမရှိခြင်း၊ ဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိသော တရားမဝင်ဆေးဝါးများရောင်းချမှုမရှိခြင်းတို့ကို စစ်ဆေးတွေ့ရှိရကြောင်း သတင်းရရှိပါသည်။

DOCA(နေပြည်တော်)