စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ပခုက္ကူခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦးနှင့် ဝန်ထမ်းများအဖွဲ့သည် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ လိုက်ပါပူးပေါင်းဆောင်ရွက်နိုင်စေရန်ရည်ရွယ်ပြီး (၃-၄-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့ပေါ်ရှိ “မြသိန်းသန်း” ကိတ်နှင့် မုန့်မျိုးစုံလုပ်ငန်းရှင်၊ “ရွှေစင်အိ” မုန့်ကျိုးလိမ်လုပ်ငန်းရှင်တို့နှင့်တွေ့ဆုံကာ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာထည့်သွင်းဖော်ပြနိုင်ရေး အသိပညာပေးဆွေးနွေးခဲ့ပါသည်။
ဆွေးနွေးပွဲတွင် ဒုတိယခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦးက လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း(၁၈) တွင်ပြဋ္ဌာန်းထားသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်းသည့် အချက်များကို ကုန်စည်များတွင် စားသုံးသူများမြင်သာအောင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ရေးသားဖော်ပြပြီးမှသာရောင်းချရန်၊ စားသုံးသူများအနေဖြင့် ကုန်ပစ္စည်းများကိုဝယ်ယူသုံးစွဲရာတွင် နစ်နာမှုမရှိစေရေး အသိပညာပေးဆွေးနွေးခဲ့ကြောင်း၊ ၎င်းနောက် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ထုတ်လုပ်သောကုန်စည်သည် ဘေးကင်းပြီးလုံခြုံစိတ်ချရမှုရှိမှသာ ဈေးကွက်တွင်နေရာရရှိမည်ဖြစ်ပြီး စားသုံးသူများကလည်း ယုံကြည်စိတ်ချစွာရွေးချယ်ဝယ်ယူသုံးစွဲကြမည်ဖြစ်ကြောင်း၊ ထုတ်လုပ်သောကုန်စည်တွင် ကုန်အမှတ်တံဆိပ်များကိုပြည့်စုံစွာထည့်သွင်းပြီးလျှင် စားသုံးသူရေးရာဦးစီးဌာနသို့ ကုန်အမှတ်တံဆိပ်စိစစ်ခွင့်ပြုချက်ကို လာရောက်လျှောက်ထားနိုင်ကြောင်း အသိပညာပေးရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို လုပ်ငန်းရှင်များအား ဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(မကွေး)