Main menu

မုဒုံမြို့၌ နွေစံပယ်ပန်းများ အောင်မြင်ဖြစ်ထွန်းပြီး စိုက်ပျိုးသူများအဆင်ပြေ

Powered by Drupal

      မွန်ပြည်နယ်၊ မုဒုံမြို့နယ်ရှိ ကျေးရွာများနှင့် မြို့အနီးအနားဝန်းကျင်တွင် တစ်နိုင်တစ်ပိုင် နွေစံပယ်များကိုစိုက်ပျိုးကြရာ အောင်မြင်ဖြစ်ထွန်းပြီး တောင်သူများအဆင်ပြေလျက်ရှိကြောင်းသိရသည်။

   စံပယ်ပင်များကို ပျိုးပင်များနှင့် ကိုင်းဖြတ်ကိုင်းကူးနည်းစနစ်များဖြင့် မိုးဦးကျကာလ ဇွန်လနှင့်ဇူလိုင်လတို့၌ အများဆုံးစိုက်ပျိုးကြပြီး မိုးနှောင်းကာလ စက်တင်ဘာနှင့် အောက်တိုဘာလမှစ၍ ပန်းအငုံများစတင်ထွက်ရှိသည်။ သဘာဝမြေသြဇာကျွေးခြင်းနှင့် ပေါင်းသင်မြေဆွပေးခြင်းတို့ကို စနစ်တကျဆောင်ရွက်ပါက အပွင့်များလှိုင်လှိုင်ထွက်ရှိကြောင်း၊ စံပယ်ပင်(၁၀၀)ပင်စိုက်ပျိုးလျှင် ကုန်ကျစရိတ်မှာ (၁၅၀၀၀၀) ကျပ်ခန့်ရှိ၍ တစ်နှစ်လျှင် ဝင်ငွေ ကျပ်(၃၀၀၀၀၀)ကျော်ရရှိသဖြင့် တွက်ချေကိုက်ကြောင်း စံပယ်ပန်းစိုက်ပျိုးတောင်သူတစ်ဦးက ပြောကြားခဲ့သည်။

        စံပယ်ပန်းစိုက်ပျိုးရေးလုပ်ငန်းကို မိသားစုတစ်နိုင်တစ်ပိုင်အပိုဝင်ငွေရရှိရေးအတွက် ဒေသခံပြည်သူများက အိမ်ခြံဝင်းများ၊ မြေကွက်လပ်နေရာများတွင် စိုက်ပျိုးကြပြီး ဥယျာဉ်ခြံများဖြင့်လည်း စနစ်တကျတွင်ကျယ်စွာစိုက်ပျိုးရောင်းချသူများလည်းရှိကြောင်းသိရှိရပါသည်။

DOCA(မွန်)