Main menu

မုဒုံမြို့နယ်တွင် ဆည်ရေသောက်စနစ်ဖြင့် နွေစပါး (၁၃၇၆) ဧကစိုက်ပျိုးပြီးစီး

Powered by Drupal

   မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် နွေစပါးစိုက်ပျိုးရာသီ၌ ချောင်းပိတ်၊ မြောင်းပိတ်နှင့် အဇင်းဆည်၊ ဝင်းဖနုံဆည်ရေများဖြင့် နွေးစပါစိုက်ဧက ( ၆၃၈ ) ဧက စိုက်ပျိုးရန်လျာထားပြီး ( ၁၃၇၆ )ဧကစိုက်ပျိုးပြီစီးပြီးဖြစ်၍ လျာထားဧကထက် (၇၃၈) ဧကကို တောင်သူများ၏ ကြိုးပမ်းအားထုတ်မှုဖြင့် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ရာ စပါးသီးနှံများအောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။

      မုဒုံမြို့နယ်တွင် ဘက်စုံအဆင့်မြင့်နည်းပညာသုံးစံပြကွက် ဧက ( ၃၀၀ )ကို တောင်သူပညာပေးစိုက်ကွက်များအဖြစ် ဆောင်ရွက်ထားပြီး ဗဟိုမျိုးသန့်ခြံမှထွက်ရှိလာသည့် မျိုးကောင်းမျိုးသန့်ဧက(၁၀၀)လျှင် တင်း (၁၂၀)ထွက်ရှိမည့် ပန်းတိုင်အထွက်နှုန်းကိုရည်မှန်းပြီး စိုက်ပျိုးဆောင်ရွက်ရာတွင်လည်း မျိုးများကို စနစ်တကျပေါင်ပျိုးစနစ်ဖြင့် ပျိုးထောင်ပြီးမှသာ ခြောက်တန်းတစ်တန်း ချက်ချင်းနုတ် ချက်ချင်းစိုက်စနစ်များဖြင့် တောင်သူများနှင့်ပူးပေါင်း၍ ဆင်းသုခ (၈၀၉)ဧက၊ နှံကောက် (၄၄၂) ဧက၊ GW-11 (၁၂၅)ဧကတို့ကို စိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။

 မုဒုံမြို့နယ်အနေဖြင့် ရေခံမြေခံအခြေအနေကောင်းမွန်၍ စိုက်ပျိုးရေးကဏ္ဍတွင် ပိုမိုအဆင်ပြေပြီး လယ်ယာကုန်ထုတ်လမ်း၊ တံတားများနှင့်လမ်းပန်းဆက်သွယ်ရေးကောင်းမွန်မှုတို့ကြောင့် တောင်သူများအတွက် စပါးသီးနှံများရိတ်သိမ်းချိန်၌ များစွာအကျိုးဖြစ်ထွန်းလာမည်ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(မွန်)