Main menu

မကွေးမြို့နယ်၏ ဘိလပ်မြေဈေးနှုန်းနှင့် လက်ကျန်အခြေအနေ

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ် ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်” မျှော်မှန်းချက်နှင့်အညီ စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်း၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များ၌ ဘိလပ်မြေဈေးနှုန်းများ လက်ကျန်ပြတ်လပ်မှုမရှိစေရေး အပတ်စဉ် ကွင်းဆင်းလေ့လာတင်ပြလျက်ရှိပါသည်။

   မကွေးမြို့နယ်တွင် ပွင့်လင်းရာသီဖြစ်၍ အဆောက်အဦများ ‌ဆောက်လုပ်လျှက်ရှိကြပြီး ဘိလပ်မြေများ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပြီး ၂၀၂၄ခုနှစ်၊ ဧပြီလ(ဒုတိယပတ်)အတွင်း ဖြစ်ပေါ်နေသော ဘိလပ်မြေဈေးနှုန်းများမှာ ကြံ့နှစ်ကောင်အမှတ်တံဆိပ် ဘိလပ်မြေ(50 kg ) တစ်အိတ်လျှင် ကျပ်(၁၃၅၀၀)၊ အယ်ဖာအမှတ်တံဆိပ် ဘိလပ်မြေ (50 kg) တစ်အိတ်လျှင် ကျပ် (၁၂၀၀၀)နှင့် အပါချီ အမှတ်တံဆိပ် ဘိလပ်မြေ(50 kg)တစ်အိတ်လျှင် ကျပ်(၁၂၅၀၀)တို့ ဖြစ်ကြောင်း သိရှိရပြီး ၂၀၂၄ခုနှစ်၊ ဧပြီလ (ပထမပတ်)အတွင်း ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများမှာ ကြံ့နှစ်ကောင်(50 kg) တစ်အိတ်လျှင် ကျပ်(၁၃၀၀၀)၊ အယ်ဖာ (50 kg) တစ်အိတ်လျှင် ကျပ်(၁၁၀၀၀)နှင့် အပါချီ (50 kg)တစ်အိတ်လျှင် ကျပ်(၁၂၅၀၀)ဖြစ်၍ ၂၀၂၄ ခုနှစ်၊ ဧပြီလ(ပထမပတ်)နှင့် (ဒုတိယပတ်) ဈေးနှုန်းနှိုင်းယှဉ်ပါက ကြံ့နှစ်ကောင် (50 kg)တစ်အိတ်လျှင် ကျပ်(၅၀၀)၊ အယ်ဖာ (50 kg)တစ်အိတ်လျှင် ကျပ်(၁၀၀၀) အသီးသီးဈေးနှုန်းအနည်းငယ်မြင့်တက်လာပြီး ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်မှုမရှိကြောင်း လေ့လာသိရှိရပါသည်။

DOCA(မကွေး)