မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့၊ မြို့မစည်ပင်သာယာဈေးအတွင်း စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများနှင့် မိတ်ဖတ်ဌာနများဖြစ်သည့် စည်ပင်သာယာရေးအဖွဲ့၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီး ဌာနတို့ပူးပေါင်း၍ (၈.၄.၂၀၂၄)ရက်နေ့၊ နံနက်(၀၈း၃၀)အချိန်တွင် ဈေးအတွင်းရောင်းချနေသော ဈေးသည်များအား ပလတ်စတစ်အစာထိုး အင်ဖက်များ၊ ငှက်ပျောဖက်များ အသုံးပြုလာစေရန် (Plastic Campaign) အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
ထို့နောက် မြို့နယ်စည်ပင်သာရေးအဖွဲ့နှင့် ပူးပေါင်း၍ ၂၀၂၄ခုနှစ်၊ ဧပြီလ(ဒုတိယပတ်)အတွင်း ဖြစ်ပေါ်နေသော အခြေခံစားကုန်ဈေးနှုန်းများအား လေ့လာစုံစမ်းမေးမြန်းခဲ့ရာ ပဲဆီ(၁)ပိဿာလျှင် ကျပ်(၁၄၀၀၀ - ၁၅၅၀၀)၊ နှမ်းဆီ(၁)ပိဿာလျှင် ကျပ်(၁၅၀၀၀)၊ ကြက်သွန်နီ (၁)ပိဿာလျှင် (အကြီးအသေးအလိုက်) ကျပ်(၁၈၀၀- ၂၀၀၀)၊ ကြက်သွန်ဖြူ (ကြူကုတ်)(၁)ပိဿာလျှင် ကျပ်(၁၁၅၀၀ - ၁၂၀၀၀)၊ ကြက်သွန်ဖြူ(ဗမာ)အသေး(၁)ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ ခရမ်းချဉ်သီး (အခွံမာသီး) (၁)ပိဿာလျှင် ကျပ်(၁၀၀၀)၊ ကုလားပဲခွဲခြမ်း (၁)ပိဿာလျှင် ကျပ်(၇၀၀၀ - ၇၂၀၀)၊ ငရုတ်သီးအစို (၁)ပိဿာလျှင် ကျပ်(၂၅၀၀ - ၃၀၀၀)၊ ငရုတ်သီးအခြောက်(၁)ပိဿာလျှင် ကျပ်(၁၆၀၀၀ - ၁၈၀၀၀)၊ ကြက်ဥတစ်လုံးလျှင် ကျပ်(၂၅၀ - ၃၀၀)၊ ငါးကြင်းခုတ်သား(၁)ပိဿာလျှင် ကျပ်(၁၅၀၀၀ - ၁၆၀၀၀)၊ ငါးတံခွန် ခြောက်(၁)ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ ငါးဘတ်ခြောက်(၁)ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ ပုဇွန်ခြောက် (အကောင်အကြီး၊ အသေးအလိုက်) (၁)ပိဿာလျှင် ကျပ်(၇၀၀၀ - ၈၀၀၀)၊ ငါးကျည်းခြောက် (အကောင် အကြီး၊ အသေးအလိုက်)(၁)ပိဿာလျှင် ကျပ်(၆၀၀၀-၈၀၀၀-၁၀၀၀၀)ဖြင့် ဈေးနှုန်းများအသီးသီး ဖြစ်ပေါ် လျက်ရှိရာ ယခင်တစ်ပတ်နှင့်နှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ဈေးနှုန်းမှာပြောင်းလဲမှုမရှိကြောင်းနှင့် ပုံမှန် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မကွေး)