Main menu

“ သန်လျင်မြို့နယ်ရှိ Super Cool သောက်ရေသန့်စက်ရုံအား သွားရောက်စစ်ဆေးခြင်း ”

Powered by Drupal

  စားသုံသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်အတွင်းရှိ Super Cool သောက်ရေသန့်စက်ရုံအား ၂၀၂၄ခုနှစ်၊ ဧပြီလ(၄)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရသည်။

   ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ကျန်းမာရေးဌာနမှူး၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှ ဒု-ရဲအုပ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယဦးစီးမှူးတို့ပူးပေါင်းအဖွဲ့သည် အမှတ် ၄၇/၄၈၊ ကျန်စစ်သားလမ်း၊ အမှုထမ်းရပ်ကွက်၊ သန်လျင်မြို့နယ်ရှိ Super Cool သောက်ရေသန့်စက်ရုံအား သွားရောက်စစ်ဆေးခဲ့ပြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ စက်ရုံရှိတာဝန်ခံအား လိုအပ်သည်များ ပြောကြားခဲ့ကြောင်းသိရှိရသည်။ ဆက်လက်၍ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ခွင့်ပြုချက်မရှိသည့် (1) Liter ဘူးနှင့် (0.6) Liter ဘူးတို့အား မိမိသဘောဖြင့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိပြီး ၎င်းဘူးများအား Recall ပြန်လုပ်ရန်နှင့် Recall ပြန်လုပ်သည့် မြို့နယ်ရှိဆိုင်များအား ဓာတ်ပုံမှတ်တမ်းနှင့်တကွ ပြန်လည်တင်ပြရန် ပြောကြားခဲ့ကြောင်းသိရှိရသည်။ ထို့နောက် ၎င်းအမယ် (၂)မျိုးအား သင်္ကြန်မတိုင်ခင် ထပ်တိုးပြန်လျှောက်ရန် မှာကြားခဲ့ကြောင်းသိရှိရသည်။ စစ်ဆေးရသည့် အကြောင်းအရင်းမှာ သမဝါယမကောလိပ်ကျောင်း၌ Super Cool သောက်ရေသန့်စက်ရုံမှ ဝယ်ယူထားသော သောက်ရေသန့်ကိုသောက်သုံးနေစဉ် ၎င်းသောက်ရေသန့်အတွင်း ပိုးကောင်လေးများတွ့ရှိရသောကြောင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနသို့ တိုင်ကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)