Main menu

“ သီလဝါဆိပ်ကမ်းဖွံ့ဖြိုးမှုဇုန်မှ နိုင်ငံတော်အရန်ဆန်အိတ်များ စတင်ထုတ်ပေးခြင်း ”

Powered by Drupal

   အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ထံမှဝယ်ယူခဲ့သည့် အရန်ဆန်အိတ်များအနက် ရခိုင်ပြည်နယ်၊ မိုခါမုန်တိုင်းဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးပြီး ကျန်ရှိသည့် (၃၀၈၄၀၇)အိတ်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၏ လမ်းညွှန်ချက်အရ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ တိုက်ပွဲရှောင်၊ နေရပ်စွန့်ခွာသူများကို ထောက်ပံ့ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းသိရပါသည်။

   ထိုသို့ဆောင်ရွက်ရာ၌ သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့မှ ကိုယ်စားလှယ်များနှင့် ဆန်အိတ်များထုတ်ယူနိုင်ရေး ချိတ်ဆက်ပေးခြင်း၊ သတ်မှတ်ပုံစံအတိုင်း လွှဲပြောင်းထုတ်ပေးလျက်ရှိရာ ကရင်ပြည်နယ်အစိုးရအဖွဲ့အတွက် ဆန်အိတ် (၂၄၆၅၀)အိတ်အား သီလဝါဆိပ်ကမ်းဖွံ့ဖြိုးမှုဇုန်မှ (၃-၄-၂၀၂၄) ရက်နေ့တွင် စတင်ထုတ်ပေးလျက်ရှိပြီး ကရင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်များအတွက် ဆန်အိတ်များကို မြို့နယ်အလိုက်ခွဲ၍ ထောက်ပံ့ပေးနိုင်ရန် ကိုယ်စားလှယ်များက ထုတ်ယူလျက်ရှိရာ (၆-၄-၂၀၂၄)ရက်နေ့အထိ ဆန်အိတ်ရေစုစုပေါင်း (၆၅၅၀)အိတ်ထုတ်ယူပြီး ကရင်ပြည်နယ်၊ ဒေသအသီးသီးရှိ စစ်ဘေးရှောင်ပြည်သူများထံသို့ ပို့ဆောင်ပေးလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)