ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်တွင် ဆောင်းသီးနှံ သီးထပ်နွေစပါးလျာထားဧကအတိုင်း ရာနှုန်းပြည့် စိုက်ပျိုးဖြစ်ထွန်းအောင်မြင်စွာစိုက်ပျိုးနိုင်ခဲ့ပြီး သီးနှံများရင့်မှည့်လာသည်ဖြစ်ရာ ဆန်ကွက်ရိတ်သိမ်းခြွေလှေ့နိုင်မည့်အခြေအနေအားသိရှိနိုင်ရန် ၂၀၂၄ခုနှစ်၊ ဧပြီလ(၃)ရက်နေ့၊ နေ့လယ် (၁၆:၃၀) အချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မကျီးကန်ရပ်ကွက်၊ အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းနှင့် ရာအိမ်မှူးများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်မန်နေဂျာနှင့် ဝန်ထမ်းများ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံတို့သည် ကွင်းအမှတ် (၂၉၃)၊ ဦးပိုင်အမှတ် (က၆/၄)ရှိ ဒေါ်ခင်ဝင်းနုပိုင်ဆိုင်သော လယ်ယာမြေတွင် Seeder (စပါးမျိုးစေ့ချကိရိယာ) ကိုအသုံးပြုပြီး စိုက်ပျိုးနိုင်ခဲ့သဖြင့် မျိုးစေ့ကုန်ကျစရိတ်သက်သာခြင်း၊ ပင်ကြားတန်းကြားညီညာစွာမျိုးပေါက်ခြင်း၊ ကြားပေါက်လိုက် သမန်းနိုးရန်လွယ်ကူခြင်း၊ အပင်ပွားနှုန်းကောင်းမွန်ခြင်း၊ လေဝင်လေထွက်ကောင်းသောကြောင့် အပင်ဖြစ်ထွန်းမှုကောင်းမွန်ခြင်း၊ အတန်းလိုက်စိုက်ပျိုးထားသည့်အတိုင်း စီစီရီရီထွက်ရှိလာသောကြောင့် မြေဩဇာအာဟာရများအား ညီညာစွာစားသုံးနိုင်သဖြင့် ယခုကဲ့သို့ အထွက်နှုန်းကောင်းမွန်နိုင်ခြင်း စသည့်အချက်များအပြင် စံကွက်ရိတ်သိမ်းရာတွင်လည်း လွယ်ကူစွာရိတ်သိမ်းခြွေလှေ့နိုင်ခြင်းအကျိုးကျေးဇူးများကို တောင်သူများကရှင်းပြခဲ့ပြီး တာဝန်ရှိသူများက စံကွက်ရိတ်သိမ်းခြွေလှေ့ခြင်းအခမ်းအနားပြုလုပ်ရာတွင် တက်ရောက်လာကြမည့် ဌာနဆိုင်ရာအကြီးအကဲများလေ့လာနိုင်ရန်အတွက် နေရာနှင့် ဆောင်းသီးနှံ နွေစပါးစံကွက် ရိတ်သိမ်းခြွေလှေ့နိုင်မည့်အခြေအနေများအား သိရှိနိုင်ရန် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)