Main menu

“ ကော့မှူးမြို့နယ်၌ စားသုံးဆီအမျိုးမျိုးရောင်းချနေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခြင်း ”

Powered by Drupal

     ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးမှူးရုံး၏ ညွှန်ကြားချက်အရ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်ရှိ ဒေသခံပြည်သူများအနေဖြင့် စားသုံးဆီအမျိုးမျိုးဝယ်ယူစားသုံးရာ၌ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်ရည်ရွယ်၍ ၂၀၂၄ခုနှစ်၊ ဧပြီလ(၅)ရက်နေ့၊ နံနက် (၁၀း၃၀)နာရီအချိန်တွင် စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိ ကုန်ခြောက်ဆိုင်များသို့သွားရောက်ကာ စားသုံးဆီအမျိုးမျိုးရောင်းချနေမှုအခြအနေအား သိရှိနိုင်ရန် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

     ဦးစွာ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ မြို့နယ်တာဝန်ခံတို့သည် ကော့မှူးမြို့နယ်၊ စည်ပင်သာယာရေးမြို့မဈေးအတွင်း/အပြင်၌ ဖြန့်ဖြူးရောင်းချလျက်ရှိသော ကုန်ခြောက်ဆိုင်များတွင် စားသုံးဆီအမျိုးမျိုးတို့အား ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ စစ်ဆေးခဲ့ရာတွင် အမေထွားသဘာဝ မြေပဲဆီအမျိုးမျိုးတို့၌ ကုန်ပစ္စည်းအမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ပြည့်စုံစွာဖော်ပြထားသည်ကိုတွေ့ရှိခဲ့ပြီး ယင်းကဲ့သို့ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိသော စားသုံးဆီအမျိုးမျိုးတို့ကိုသာ မိမိတို့၏ဈေးဆိုင်များတွင် ဖြန့်ဖြူးရောင်းချကြရန်နှင့် တရားမဝင်လမ်းကြောင်းမှတစ်ဆင့် တင်သွင်းဖြန့်ဖြူးနေသော ပြည်ပမှစားသုံးဆီများအား ဝယ်ယူဖြန့်ဖြူးရောင်းချခြင်းများမပြုလုပ်ကြရန်နှင့် ၎င်းစားသုံးဆီများကို မိမိတို့၏ဆိုင်များတွင် ဖြန့်ဖြူးရောင်းချခြင်းများစစ်ဆေးတွေ့ရှိပါက သက်ဆိုင်ရာဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိလိုက်နာရန် ပြောကြားခဲ့ပြီးနောက် ဈေးကွက်အတွင်း စားသုံးဆီအမျိုးမျိုးရောင်းချနေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)