Main menu

ပြည်ခရိုင်၊ ပြည်မြို့တွင် မန်ကျည်းမှည့်ဈေးနှုန်းများမြင့်တက်လာ

Powered by Drupal

      ပြည်ဈေးကွက်တွင် ယခုအချိန်ဖြစ်သော မတ်လ နောက်ဆုံးပတ်တွင် မန်ကျည်းမှည့်ဈေးနှုန်းများမြင့်တက်လာခဲ့ပါသည်။ မန်ကျည်းမှည့်မှာ ယခုကဲ့သို့သောနွေရာသီအချိန်တွင် လူနှင့်တည့်၍ ဆေးအဖြစ် စားသုံးကြသည့်အပြင် ဟင်းချက်၍လည်းစားသုံးကြသဖြင့် အိမ်တိုင်းလိုလို မန်ကျည်းမှည့်ကိုဆောင်ထားကြပါသည်။ ထို့ကြောင့် မန်ကျည်းမှည့်သည် အသုံးများပြီး အထွက်နှုန်းနည်းသောကြောင့် ယခုနှစ်မန်ကျည်းမှည့်ရာသီတွင် ဈေးနှုန်းများမြင့်တက်လာခြင်းဖြစ်ပါသည်။ ယခုနှစ် မန်းကျည်းမှည့်ရာသီချိန်တွင်ဖြစ်ပေါ်နေသော မန်ကျည်းသီးမှည့်ဈေးနှုန်းများမှာ အစေ့ပါတစ်ပိဿာလျှင် ၄၀၀၀ကျပ်၊ အစေ့မပါတစ်ပိဿာလျှင် ၇၀၀၀ကျပ်ဖြင့်ရောင်းချကြပါသည်။ ယခင်နှစ်တွင် မန်းကျည်းမှည့်ဈေးနှုန်းများမှာ အစေ့ပါတစ်ပိဿာလျှင် ၂၅၀၀ကျပ်နှင့် အစေ့မပါတစ်ပိဿာလျှင် ၅၀၀၀ကျပ်ဖြင့်ရောင်းချခဲ့ရာ ယခုနှစ်တွင် ဈေးနှုန်းများမြင့်တက်လာခဲ့ပါသည်။ မန်ကျည်းမှည့်မှာ ယခုအချိန်တွင် အထွက်လှိုင်ချိန်ဖြစ်သော်လည်း အထွက် နည်း၍ ဝင်ရောက်မှုပါနည်းသွားသဖြင့် ဈေးနှုန်းများမြင့်တက်လာသည်ဟုသိရှိရပါသည်။

DOCA(ပဲခူး)