Main menu

ပြည်ခရိုင်တွင် စပါးဈေးနှုန်းများအေး

Powered by Drupal

    ပြည်ခရိုင်တွင် စပါးဈေးနှုန်းများမှာ ယခင်၂၀၂၃ခုနှစ်၊ မတ်လတွင် (၄၆)ပေါင်ပါ တင်း(၁၀၀)လျှင် ၁၅၀၀၀၀၀ကျပ်၊ ဆန် (၁၀၈)ပေါင်တစ်အိတ်လျှင် ၅၈၀၀၀ကျပ်ဖြင့်ရောင်းဝယ်လျက်ရှိပြီး၊ ယခု၂၀၂၄ ခုနှစ်၊ မတ်လတွင် စပါးဈေးနှုန်းမှာ တင်း(၁၀၀)လျှင် ၂၁၀၀၀၀၀ကျပ်၊ ဆန်တစ်အိတ်လျှင် ၇၈၀၀၀ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ စပါးဈေးနှုန်းမှာ ယခုနှစ် ဇန်နဝါရီလမှစ၍ ၂၁၀၀၀၀၀ကျပ်ဖြင့်ဈေးငြိမ်နေခဲ့ပြီး ဆန်ဈေးမှာ ယခင်လတွင် ၈၅၀၀၀ကျပ်မှ ယခုလတွင် ၇၈၀၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းလာခဲ့ပါသည်။ နွေစပါးမပေါ်သေးမီကာလဖြစ်သော်လည်း ကုန်သည်ပွဲစားစက်ပိုင်များမှာ စပါးဝယ်ယူကြိတ်ခွဲရောင်းချရာတွင် တွက်ချေကိုက်မှုမရှိ၍ စပါးအရောင်းအဝယ်မဖြစ်ဘဲ စပါးဈေးနှုန်းမှာလည်း ဈေးအေးနေခြင်းဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)