Main menu

ပြည်ဈေးကွက်တွင် မြေပဲပင်ပေါက်များရောင်းချ

Powered by Drupal

     ပြည်ဈေးကွက်တွင် ယခုအချိန်ဖြစ်သော မတ်လ နောက်ဆုံးပတ်တွင် မြေပဲပင်ပေါက်များကို ရွှေတောင်ဘက်မှ လာရောက်ရောင်းချကြောင်းသိရပါသည်။ မိုးရွာသွန်းမှုမရှိသေးသော်လည်း မြေပဲပင်ပေါက်များထွက်ပေါ်လာရခြင်းမှာ မြေပဲများကိုတွင်းတူး၍ အစို့ပေါက်ကြသဖြင့် ရရှိကြောင်းသိရပါသည်။ သဘာဝနည်းဖြင့်ရရှိသော မြေပဲပင်ပေါက်မှာ ရောင်းပန်းမလှဘဲ ကိုယ်တိုင်လုပ်သော မြေပဲစို့များမှာ ရောင်းပန်းလှသဖြင့် ပြုလုပ်၍ရောင်းချကြပါသည်။

     ရောင်းချသောဈေးနှုန်းများမှာ တစ်ဆယ်ကျပ်သားလျှင် ၄၀၀ကျပ်၊ တစ်ပိဿာလျှင် ၃၅၀၀ကျပ်ဖြင့် ရွှေတောင်ဘက်မှ ဈေးသည်များက လာရောက်ရောင်းချကြောင်းသိရပါသည်။ မြေပဲပင်ပေါက်ပေါက်၍ ရောင်းချသောသူများမှာ တွက်ချေကိုက်သည့်အတွက် ပေါက်၍ရောင်းချကြောင်းသိရပါသည်။ မြေပဲပင်ပေါက်ကို မိုးဦးကျရာသီအချိန် မိုးတစ်ပြိုက်နှစ်ပြိုက်ရွာသည့် အချိန်ကာလတွင် ရရှိနိုင်သော်လည်း ယခုကဲ့သို့သောအချိန်၌ စားသုံးသူများက ဝယ်ယူစားသုံးကြသဖြင့် ဈေးကွက်တွင် ဈေးအမြင့်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)