Main menu

ပြည်ကညွတ်သီးနှံဈေးကွက်

Powered by Drupal

    ပြည်ဈေးကွက်တွင် ကညွတ်သီးနှံအနေဖြင့် ယိုးဒယားကညွတ်နှင့် ဗမာကညွတ်ဟူ၍ နှစ်မျိုးရှိသည်။ ယိုးဒယားကညွတ်မှာ ယခုနွေဦးပေါက် တပေါင်းလအတွင်း မွန်ပြည်နယ်၊ မော်လမြိုင်ဘက်မှ ဝင်ရောက်မှုရှိကာ ဗမာကညွတ်အနေဖြင့် ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တဝိုက်တွင် နှစ်ပတ်လည်ရေသွင်းစိုက်ပျိုးကြသဖြင့် ပြည်ဈေးကွက်သို့ တစ်နှစ်ပတ်လုံးဝင်ရောက်မှုရှိကြောင်းသိရသည်။ ယိုးဒယားကညွတ်မှာ တစ်ဖာတွင် (၁၀)စည်းပါရှိပြီး ပြည်ဈေးကွက်အနှံ့သို့ တစ်ကြိမ်လျှင် (၁၀ဖာ/၁၅ဖာ) ခန့်ဝင်ရောက်မှုရှိနေသည်။ ဗမာကညွတ်မှာ ပူပြင်းသည့်နွေရာသီဖြစ်သည့်အတွက် ဝင်ရောက်မှုနည်းပါးပြီး တစ်ကြိမ်ဝင်လျှင် အပင်စည်း (၃၀)စည်းခန့်သာဝင်ရောက်မှုရှိနေပါသည်။

     စားသုံးသူများအနေဖြင့် ကယ်လိုရီနည်းပါး၍ ကျန်းမာရေးနှင့်ညီညွတ်သော ကညွတ်သီးနှံအား ရာသီမရွေးဝယ်ယူစားသုံးမှုရှိသဖြင့် ဝင်ရောက်မှုရှိသလောက်အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။ ဈေးနှုန်းအားဖြင့် ယိုးဒယားကညွတ်(၁၀)ကျပ်သားလျှင် (၈၀၀)ကျပ်ဖြင့်ရောင်းချမှုရှိပြီး ဗမာကညွတ်မှာ (၁၀)ကျပ်သားလျှင် (၁၀၀၀ - ၁၂၀၀)ကျပ်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)