
ယခုဧပြီလဆန်းတွင် မကွေးတိုင်းအတွင်း ဆောင်းစိုက်ကြက်သွန်နီများ လှိုင်လှိုင်ထွက်ပေါ်နေချိန်ဖြစ်သဖြင့် ပြည်ဈေးကွက်သို့ အဝင်များလျက်ရှိနေပြီး တစ်ရက်လျှင် ပိဿာချိန် ၂သောင်းခန့်အဝင်ရှိနေသည်။ ပြည်ဈေးကွက်သို့ မကွေးတိုင်းဒေသကြီး၊ တောင်တွင်း၊ ဆိပ်ဖြူ၊ သရက်၊ ရေနံချောင်း၊ စစ်တလင်း၊ ဖန်ခါးပင် စသည့်နယ်များမှ ဝင်ရောက်မှုများအပြင် ပြည်မြို့အနီးတဝိုက်ရှိ မှော်ဇာရွာ၊ တောင်လုံးညိုရွာတို့မှထွက်ရှိသော ကြက်သွန်နီများလည်း ဈေးကွက်အတွင်း ပိဿာချိန်အနည်းငယ် ဝင်ရောက်မှုရှိနေကြောင်းသိရပါသည်။ အရောင်းအဝယ်အနေဖြင့် ဒေသတွင်းဝယ်လက်များ၊ အိတ်ဆွဲဝယ်ရောင်းသမားများ၊ ဧရာဝတီတိုင်း၊ ကြံခင်း၊ မြန်အောင်တို့သို့ နယ်ကျော်စီးဆင်းမှုများအဖြစ် ဝင်ရောက်မှု၏ တဝက်နီးပါးခန့်ရောင်းဝယ်မှုရှိနေသည်။ ဈေးနှုန်းမှာ ပွဲရုံလက်ကားဈေး တစ်ပိဿာလျှင် ကြီး-လတ်-သေး ကျပ် (၂၃၀၀/ ၂၂၀၀-၂၁၀၀/ ၂၀၀၀-၁၉၀၀) ဈေးနှုန်းတို့ရှိပြီး မြို့ပေါ်ဈေးများတွင် ကျပ် (၂၆၀၀/ ၂၄၀၀-၂၂၀၀/ ၂၁၀၀) ဈေးနှုန်းတို့ဖြင့် ရောင်းဝယ်လျက်ရှိနေကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)