Main menu

သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များ၌ဖြစ်ပေါ်နေသော မတ်ပဲဈေးနှုန်းနှင့် စီးထွက်မှုအခြေအနေ

Powered by Drupal

     ပဲခူးတိုင်း‌‌ဒေသကြီး၊ သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များတွင် မတ်ပဲဈေးနှုန်းများမှာ ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် ပိဿာ( ၂၀ ) ဝင်တစ်တင်းလျှင် အနိမ့်ဆုံး( ၉၅၃၀၀) ကျပ်ခန့်နှင့် အမြင့်ဆုံး (၉၅၉၀၀) ကျပ်ထိရှိပြီး မတ်လ နောက်ဆုံးပတ်အတွင်း၌မူ ပိဿာ(၂၀ ) ဝင်တစ်တင်းလျှင်    အနိမ့်ဆုံး (၉၅၀၀)ကျပ်ခန့်မှ အမြင့်ဆုံး (၉၆၇၀၀)ကျပ်ခန့်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။  စီးထွက်မှုအနေဖြင့် ဖေဖော်ဝါရီလအတွင်း ခရိုင်အတွင်းမှ ရန်ကုန်တိုင်းဒေသကြီး အတွင်းသို့ အိတ်လုံးရေ (၁၄၁၄၅၀) အိတ်ခန့်ထိတင်ပို့နိုင်ခဲ့ပြီး ယခုမတ်လ နောက်ဆုံးပတ်ထိ တင်ပို့နိုင်မှုအိတ်လုံးရေ (၁၄၈၁၀၀) အိတ်ခန့်ထိတင်ပို့နိုင်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)