Main menu

“နွေနှမ်းများ အောင်မြင်စွာစိုက်ပျိုး”

Powered by Drupal

    ကျောက်ဆည်ခရိုင်အတွင်း နွေနှမ်းကို ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ်တွင် ကျောက်ဆည်မြို့နယ်တွင် (၃၂၂၄၆)ဧက၊စဉ့်ကိုင်မြို့နယ်တွင်(၂၂၉၆၀)ဧက၊မြစ်သားမြို့နယ်တွင်(၃၄၄၂၉)ဧက၊စုစုပေါင်း (၈၉၆၃၅)ဧက စိုက်ပျိုးပြီးစီးကြောင်း ခရိုင်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏စာရင်းများအရ သိရှိရပါသည်။ နွေနှမ်းစိုက်ပျိုးမှု(၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး ၊ သွင်းအားစု ၊ လုပ်သားခအပါအဝင် စုစုပေါင်း(၃၅၀၀၀၀)ကျပ်ဝန်းကျင်ခန့် ကုန်ကျခဲ့ပြီး မျိုးအနေဖြင့် (၂)ပြည်ခန့် အသုံးပြုရကြောင်း၊ နှမ်းမျိုးစျေးနှုန်းအနေဖြင့် (၁)ပြည်လျှင်(၁၀၀၀၀)ကျပ်ဖြင့် ဝယ်ယူရကြောင်း၊ စိုက်ပျိုးသောမျိုးများမှာ နှမ်းဖြူ၊နှမ်းနက်မျိုးများကို အများဆုံးစိုက်ပျိုးကြပါသည်။ ဆည်ရေသောက်ဒေသဖြစ်သောကြောင့် နှမ်းကြဲရေပေးသောအချိန်တွင် နှမ်းများတစ်ပြိုင်နက် စိုက်ပျိုးကြပါသည် ။ နှမ်းစျေးနှုန်းအနေဖြင့် ယခင်နှစ် နှမ်းဖြူ တစ်တင်းလျှင်(၁၀၂၀၀၀)ကျပ် ၊ နှမ်းနက် တစ်တင်းလျှင်(၈၄၀၀၀)ကျပ် ၊ နှမ်းညို တစ်တင်းလျှင်(၈၁၀၀၀)ကျပ် ၊ နှမ်းနက်(စမုံ) တစ်တင်းလျှင်(၉၀၀၀၀)ကျပ်ဖြင့် ရောင်းဝယ်ခဲ့ပြီး ယခုနှစ် လက်ရှိပေါက်စျေးအနေဖြင့် နှမ်းဖြူ တစ်တင်းလျှင်(၁၃၄၀၀၀)ကျပ် ၊ နှမ်းနက် တစ်တင်း လျှင်(၇၅၀၀၀)ကျပ်၊ နှမ်းညို တစ်တင်းလျှင်(၉၄၀၀၀)ကျပ်၊ နှမ်းနက်(စမုံ) တစ်တင်းလျှင်(၁၀၀၀၀၀) ကျပ်စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ပွဲရုံများမှ သိရှိရပါသည် ။ နွေနှမ်းများ ထွက်ပေါ်ချိန်တွင် စျေးနှုန်းများကောင်းမွန်ပါက တောင်သူများ အကျိုးအမြတ်ဖြစ်ထွန်းမှာဖြစ်ကြောင်း နွေနှမ်းစိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)